SJ WorldNews - шаблон joomla Авто

Myanmar Idol Season-3 တွင် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် TOP 11 ပြိုင်ပွဲဝင်များအား မိတ်ဆက်

Monday, 11 June 2018 09:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇွန် ၁ဝ

Myanmar Idol Season-3 ယှဉ်ပြိုင်ရန် နောက်ဆုံးအဆင့် ရွေးချယ်ထားသည့် Top 11 ပြိုင်ပွဲဝင်များအား မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ Melia Hotel ၌ကျင်းပသည်။ အဆိုပါ TOP 11 စာရင်းဝင်များအား လူဦးရေ တစ်သောင်းကျော်ထဲမှ အဆင့်ဆင့် ရွေးချယ်ထားခြင်းဖြစ်ပြီး နောက်ဆုံး Winner ရရှိသူအား ငွေကျပ်သိန်း ၅ဝဝ ချီးမြှင့်မည့်အပြင် Solo Album ကိုပါ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ TOP 11 ရွေးချယ်ခံရသော ပြိုင်ပွဲဝင်များမှာ နန်းရွှေဦး၊ စွမ်းပြည့်အောင်၊ ငွေဇင်လှိုင်း၊ နော်ဂျက်စ်၊ မေမဒီ၊ နီလန်း၊ ဖြိုးမြတ်အောင်၊ ပြည့်ဖြိုး၊ နေခန့်မင်းသစ်၊ ဇော်ကြီးနှင့် ချမ်းမြေ့မောင်ချိုတို့ ဖြစ်သည်။ ''လာပြိုင်တဲ့ သူအားလုံးကို ရွေးချယ်ချင်တာပါ။ အရင်အစီအစဉ်တွေတုန်းက TOP 10 ပဲရွေးချယ်ခဲ့ပေမယ့် ဒီနှစ်မှာ တကယ်ရွေးသင့်တယ်ထင်လို့ TOP 11 ကိုရွေးချယ်ခဲ့တာပါ။ သူတို့ရဲ့အရည်အချင်းတွေကို တာ့ ပရိသတ်တွေ အနေနဲ့ ရုပ်မြင်သံကြား အစီအစဉ်ကနေ ကြည့်ရှုပြီး အဆုံးအဖြတ် ပေးကြရမှာပါ'' ဟု Myanmar Idol Project Director ဒေါ်နန်းမောင့်လောင်ဆိုင် ကပြောသည်။ Myanmar Idol (3) ယှဉ်ပြိုင်မှုကို ဇွန်၁၄ ရက်မှစ၍ အပတ်စဉ် ကြာသပတေးနှင့် သောကြာနေ့ ည ၉ နာရီတွင် mntv Channel မှ တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်ပြီး ပရိသတ် အနေဖြင့် မိမိနှစ်သက်သည့် အဆိုရှင်အား Ooredoo SIM Card တစ်မျိုးတည်းဖြင့်သာ SMS ပေးပို့ရွေးချယ်ရမည် ဖြစ်ကြောင်း သိရသည်။ Season-3 အတွက် Sponsor များတွင် Official Telecom အဖြစ် Ooredoo၊ Title Sponsor အဖြစ် Pantene၊ Make up Partner အဖြစ် Maybelline၊ Furniture Partner အဖြစ် Sweety Home တို့မှ ပါဝင်ကူညီ ပေးထားကြောင်း သိရသည်။

 

Read 178 times Last modified on Monday, 11 June 2018 09:22