×

Warning

JUser: :_load: Unable to load user with ID: 107
Print this page

မြန်မာနိုင်ငံမှာ ဇာတ်ကားများစွာ ရိုက်ကူးဖို့ရှိတဲ့ ထိုင်းမင်းသမီး ကရာဗီ

Thursday, 14 June 2018 10:07 font size decrease font size decrease font size increase font size increase font size

ထိုင်းနိုင်ငံ၌ အနုပညာလုပ်ငန်းများ လုပ်ကိုင်နေသည့် ထိုင်းမင်းသမီး ကရာဗီ အနေဖြင့် မြန်မာနိုင်ငံ၌လည်း ဇာတ်ကားများ ရိုက်ကူးရန်ရှိကြောင်း သိရသည်။ ''မြန်မာနိုင်ငံမှာ ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိပါတယ်။ အခုလည်း Media 7 နဲ့အတူ Music Video တစ်ခု ရိုက်ကူးထားတယ်။ နောက်ထပ်လည်း ရိုက်ဖို့ရှိပါတယ်။ လက်ရှိထိုင်းမှာ ကုန်ပစ္စည်း ကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်နေပါတယ်'' ဟု ကရာဗီက ပြောသည်။ ကရာဗီအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရသည်ကို ပျော်ရွှင်ပြီး မြန်မာအစားအစာ များကိုလည်း နှစ်သက်ကြောင်း သိရသည်။ မြန်မာနိုင်ငံလာရင် အရင်ဆုံး ရွှေတိဂုံ စေတီတော်ကို ဖူးတယ်။ မြန်မာနိုင်ငံကို လာရတာပျော်တယ်။ မြန်မာအစားအစာ တွေကိုလည်း ကြိုက်နှစ်သက်ပါတယ်။ မြန်မာအစားအစာတွေထဲက ဝက်သားတုတ်ထိုးကို အကြိုက်ဆုံးပါပဲ'' ဟု ကရာဗီကပြောသည်။ ကရာဗီ အနေဖြင့် ဇာတ်လမ်းများ ရိုက်ကူးရာတွင် ဆွံ့အသည့် ဇာတ်ရုပ်မျိုးကို သရုပ်ဆောင်ရန် စိတ်ကူးထားပြီး သူမသရုပ်ဆောင်နေကျ ပုံစံမဟုတ်သည့် တစ်မူထူးခြားသော ဇာတ်ရုပ်ကို သရုပ်ဆောင် လိုကြောင်းပြောသည်။

Read 298 times Last modified on Thursday, 14 June 2018 10:07