SJ WorldNews - шаблон joomla Авто

၁ဝ နှစ် ကျော်ကြာ ပြင်ဆင် ခဲ့ရသည့် အဆိုတော် မီမီဝင်းဖေ၏ ပန်ဆင်မယ် Audio Album ဖြန့်ချိ

Sunday, 17 June 2018 14:08 font size decrease font size decrease font size increase font size increase font size

၁ဝ နှစ် ကျော်ကြာ ပြင်ဆင် ခဲ့ရသည့် အဆိုတော် မီမီဝင်းဖေ၏ ပန်ဆင်မယAudio Album ကို ဇွန် ၁၇ ရက်တွင် ဖြန့်ချိကြောင်း ဝါရင့် အဆိုတော် မီမီဝင်းဖေက ပြောသည်။

''ဒီအယ်လ်ဘမ် အတွက် စိတ်တိုင်းကျ လုပ်ထား ပါတယ်။ အချစ်၊ အလွမ်း၊ အဆွေးတွေ အကုန် ပါပါတယ်။ မိန်းကလေး တစ်ယောက် အနေနဲ့ ခံစား ရသမျှ၊ တွေ့ကြုံ ရသမျှ တွေကို ထည့်သွင်း ထားပါတယ်။ သီချင်း ချိုချိုအေးအေး တွေကိုလည်း ထည့်ထားတယ်။ တေးရေး ဆရာတွေ ကလည်း ကူညီ ပေးထား ကြပါတယ်။ ဒီအယ်လ်ဘမ် အတွက် အများကြီး စိတ်တိုင်းကျ ပါတယ်။သီချင်း အယ်လ်ဘမ် မထွက်တာလည်း ကြာပါပြီ။ ဒါကြောင့် အခု အယ်လ်ဘမ်မှာ အကောင်းဆုံး ကြိုးစား ထားပါတယ်။ ပရိသတ်တွေ ကြိုက်ကြ မယ်လို့လည်း ထင် ပါတယ်''ဟု မီမီဝင်းဖေက ပြောသည်။

တေးသီချင်း များကို တေးရေး မောင်မောင် (မဇ္ဈိမလှိုင်း)၊ မြင့်သွင် (နမ္မတူ) နှင့် ညီညီသွင် တို့က ရေးသား ထားပြီး သီချင်း စုစုပေါင်း ၁၄ ပုဒ် ပါဝင် ကြောင်း သိရ သည်။

အဆိုပါ အယ်လ်ဘမ်ကို Lazy Clubနှင့် Art- Roborts တီးဝိုင်း တို့က တီးခတ် ပေးထားပြီး နဝရတ် စတူဒီယို ၌ အသံ သွင်းကာ ဇွန် ၁၇ ရက် တွင် ဖြန့်ချိကြောင်း သိရသည်။

အမ်အမ်ကေ

 

Read 266 times Last modified on Sunday, 17 June 2018 14:28