SJ WorldNews - шаблон joomla Авто

ပရိသတ်က ကိုယ့်ကို မှတ်မိပြီး အားပေးဦးမှာလားလို့ စိုးရိမ်စိတ် ဖြစ်မိတယ် ဆိုတဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်

Saturday, 07 July 2018 10:35 font size decrease font size decrease font size increase font size increase font size

 

ဒါရိုက်တာ ရွှေရေးထင်ထင် ရိုက်ကူးသည့် ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သော သရုပ်ဆောင်ဇင်ဇင်ဇော်မြင့် က သူမကို ပရိသတ် မှတ်မိသေးရဲ့လား၊ အားပေးဦးမှာလား

စိုးရိမ်စိတ်များ ဖြစ်မိကြောင်းပြောသည်။ ''ပရိသတ်တွေနဲ့ တွေ့တဲ့ အချိန်မှာ ကိုယ့်ကိုအားပေးဦးမှာလား၊ ပရိသတ်က မှတ်ရော မှတ်မိပါ့မလား ဆိုတဲ့ စိုးရိမ်စိတ် ဖြစ်မိပါတယ်။ မေလေးက အနုပညာ အလုပ်တွေ မလုပ်ဖြစ်တာကြာပြီ။ မေလေးကို မှတ်မိနေသေးတဲ့ အတွက် ပရိသတ်ကို ကျေးအများကြီး တင်ပါတယ်။ ကိုယ့်ကို အမှတ်တရ ရှိနေသေးတယ်ဆိုတော့ ဝမ်းသာပါတယ်'' ဟု သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်က ပြောသည်။

 

အနုပညာ အလုပ်များနှင့် ဝေးကွာနေပြီဖြစ်သော်လည်း ပရိသတ်များ မှတ်မိနေခြင်းက သူမအတွက် အားဖြစ်စေကြောင်း သူမကပြောသည်။ ''မေလေး CKKP Film Production က ထုတ်လုပ်တဲ့ ရုပ်ရှင် ဇာတ်ကားတွေကို ကိုယ့်ပရိသတ် အတွက် တကယအရည်အသွေး ကောင်းကောင်းနဲ့ ရိုက်ကူး ပြသနိုင်ဖို့ ကြိုးစားသွားပါမယ်လို့ ကတိပေးပါတယ်။ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်နဲ့ ဇာတ်ကားတွေကို ရိုက်ကူးမှာပါ။ မေလေး နောက်ပိုင်း ဇာတ်ကားတွေမှာ အကောင်းဆုံး ပါဝင် သရုပ်ဆောင်ပါမယ်။ အနုပညာ အလုပ်တွေ ပြန်လုပ်နေပါပြီ'' ဟု ဇင်ဇင်ဇော်မြင့်က ပြောသည်။

 

အဆိုပါဇာတ်ကားကို CKKP Film Production မှ ထုတ်လုပ်ပြီး သရုပ်ဆောင် ဇေရဲထက်၊ ရဲအောင်၊ အောင်လေး၊ ခင်ဇာခြည်ကျော်၊ ဇင်ဇင်ဇော်မြင့် နှင့် A ခွန်းပန် တို့က ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

 

အမ်အမ်ကေ

 

 

Read 100 times Last modified on Saturday, 07 July 2018 10:38