SJ WorldNews - шаблон joomla Авто

အာဆီယံနိုင်ငံများမှ ပန်းချီပညာရှင်များ ပါဝင်သည့် ART LINE Painting Exhibition ပြပွဲ ကျင်းပမည်

Wednesday, 11 July 2018 08:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၁ဝ

 မြန်မာနိုင်ငံရှိ    ပန်းချီဝါသနာရှင်များ အိမ်နီးချင်း အာဆီယံနိုင်ငံများမှ    ပန်းချီလက်ရာများကို လေ့လာနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ  အင်ဒိုနီးရှားနိုင်ငံ သံရုံး၏ စီစဉ်မှုဖြင့် မြန်မာ၊ အင်ဒိုနီးရှား၊ စင်ကာပူ စသော အာဆီယံနိုင်ငံများမှ  ပန်းချီပညာရှင်များ၏ ပန်းချီကားများကိုပြသမည့်  ART LINE  Painting  Exhibition ပြပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ  Yangon Gallery ၌ ကျင်းပမည်ဖြစ်သည်။

ယင်းပန်းချီပြပွဲကို ဇူလိုင် ၁၆ ရက်မှ ၂ဝ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပွဲရက်များတွင် နေ့စဉ် နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီအတွင်း စိတ်ဝင်စားသူမည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်သည်။

အဆိုပါပွဲတွင် ပြည်တွင်းနာမည်ကြီး ပန်းချီဆရာများဖြစ်သည့်  ကိုလှဖုန်း၊ ကိုခင်ဇော်လတ်၊  ကိုကျော်စိုး၊  ကိုစိုးစိုး(လပွတ္တာ)နှင့် ကိုသားကြီးတို့က  မြန်မာနိုင်ငံ၏  ထင်ရှားသော ပန်းချီကားများကို ပြသမည်ဖြစ်သကဲ့သို့  အင်ဒိုနီးရှားနိုင်ငံမှ ပန်းချီဆရာများဖြစ်သော Arya pandjalu ၊ Arya  Sukapura Putra ၊   Deddy  P.A.W ၊   Syarief  Hidayat ၊  Syis  Paindow နှင့် Tjutju   Widjaja  တို့ကလည်း  ၎င်းတို့ရေးဆွဲထားသော  ပန်းချီကားများကို ပြသသွားမည်ဖြစ်သည်။

ထို့ပြင်   စင်ကာပူနိုင်ငံမှ   Abu  Jalal Sarimon ၊ K.V.Dhilna Amar ၊ Sheena Bharathan ၊ Yeow Chuan Pei Barry  စသော  ပန်းချီဆရာများကလည်း  ၎င်းတို့ရေးဆွဲထားသည့် ပန်းချီကားများကို ပြသမည်ဖြစ်သည်။

''ဒီပွဲမှာပါဝင်ပြသတဲ့  ပန်းချီဆရာတွေက ထူးချွန်တဲ့ ပန်းချီဆရာတွေဖြစ်တာကြောင့် သူတို့ရဲ့ လက်ရာ ပန်းချီကားတွေကို တစ်နေရာတည်းမှာ  တစုတစည်းတည်း ကြည့်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။    ဒါကြောင့်    ဒီလိုအခွင့်အရေးကို ပြည်တွင်းမှာရှိတဲ့ ပန်းချီဝါသနာရှင်တွေ အနေနဲ့  အပြည့်အဝ အသုံးချနိုင်ဖို့  ဒီပွဲကို အချိန်ပေးပြီးလာကြည့်ပါလို့  တိုက်တွန်းပါတယ်''ဟု ပန်းချီဆရာ ကိုခင်ဇော်လတ် ကပြောသည်။

အဆိုပါပွဲတွင်  အနည်းဆုံး  ပန်းချီကား ၁ဝဝ  ခန့်ပြသမည်ဖြစ်ပြီး  ပန်းချီကားများမှာ  နိုင်ငံတစ်နိုင်ငံချင်းစီ အလိုက် ထင်ရှားကျော်ကြားသော နေရာများ၊ လူနေမှုဘဝပုံစံများနှင့်  တောတောင်သဘာဝ အလှများကိုရေးဆွဲထားသော ပန်းချီကားများဖြစ်ကြောင်း သိရသည်။

Read 64 times Last modified on Wednesday, 11 July 2018 08:36