SJ WorldNews - шаблон joomla Авто

မီနီအယ်လ်ဘမ်ထွက်ဖို့ စီစဉ်မယ်ဆိုတဲ့ ရေဗက္ကဝင်း

Wednesday, 11 July 2018 08:45 font size decrease font size decrease font size increase font size increase font size

ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားသော  တေးသံရှင်ရေဗက္ကဝင်းက   သူမ၏  တစ်ကိုယ်တော်တေးအယ်လ်ဘမ် တစ်ခုချပြချင်သောကြောင့် မီနီအယ်လ်ဘမ် တစ်ခုကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။

''ရေဗက္ကဝင်းကို  အခုအချိန်ထိ အားပေးနေကြတဲ့ ပရိသတ်တွေအတွက် တစ်ကိုယ်တော် အခွေဆိုတာ တစ်ခွေမှ မထွက်ဖူးသေးပါဘူး။ ဒါကြောင့် တေးအယ်လ်ဘမ် တစ်ခုထုတ်ဖို့ စီစဉ်နေတယ်'' ဟု  ရေဗက္ကဝင်းက ပြောသည်။

မီနီအယ်လ်ဘမ်ထုတ်ရန် ခေတ်ကာလ အခြေအနေအရ  ပရိသတ်အကြိုက် ဖြစ်စေရန် တတ်သိနားလည်သော  တေးရေးဆရာများနှင့် တိုင်ပင်၍ ထုတ်လုပ်မည်ဖြစ်သည်။ ရေဗက္ကဝင်းသည် လတ်တလောအနုပညာ လှုပ်ရှားမှုများ အနေဖြင့် mntv ရုပ်သံလိုင်းနှင့် NHK တို့ ပူးပေါင်းစီစဉ်သည့်  Family Talk Show တစ်ခုကို   အရိုင်း၊ မိုရီဆာကီဝင်းတို့နှင့် အတူ ရိုက်ကူးရန် ရှိကြောင်း သိရသည်။           

Read 181 times Last modified on Wednesday, 11 July 2018 08:46