SJ WorldNews - шаблон joomla Авто

ဘော်ဘော်ကထှော် ဟာသရုပ်ရှင်ဇာတ်ကား ဇူလိုင် ၁၃ ရက်တွင် ရုံတင်ပြသမည်

Wednesday, 11 July 2018 08:50 font size decrease font size decrease font size increase font size increase font size

ဘော်ဘော်ကထှော်  ဟာသရုပ်ရှင်ဇာတ်ကားကို ဇူလိုင် ၁၃ ရက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ  ရုပ်ရှင်ရုံများ၌ ရုံတင်ပြသမည် ဖြစ်ကြောင်း သိရသည်။

ယင်းဇာတ်ကားသည် ဘော်ဘော်ကထှော် လူမျိုးစုကို ရှာဖွေနေသည့် ပရော်ဖက်ဆာ ဒေါက်တာတိုက်ဂါးကို ကူညီရှာဖွေပေးနေသော သမီးသုံးယောက်ဖြစ်သည့် ဆောင်းဝေ၊ မိုးစွေ၊ နွေဝါတို့က  ၎င်းတို့ရှာဖွေတွေ့ရှိခဲ့သော  လူမျိုးနွယ်စုဖြစ်သည့် ကု၊  ပိ၊ ကော် သုံးယောက်ကို ရန်ကုန်မြို့သို့ခေါ်လာရာမှ တွေ့ကြုံခဲ့ရသော    အခက်အခဲများ၊ ပျော်ရွှင်မှုများကို ဟာသရောနှောကာ  ရိုက်ကူးထားခြင်းဖြစ်သည်။

''ဒီဇာတ်ကားမှာ ကျွန်တော်က  ပိဆိုတဲ့  ဇာတ်ကောင် ကာရိုက်တာအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ သူငယ်ချင်းဖြစ်သူ မိန်းမတောင်းဖို့ ကျွန်းတစ်ကျွန်းမှာ     တင်တောင်းမယ့် ပစ္စည်းတွေသွားရှာရင်းကနေ  ဆောင်းဝေ၊ မိုးစွေ၊ နွေဝါ ညီအစ်မသုံးဦးနဲ့တွေ့ပြီး  ရန်ကုန်ကိုရောက်သွားတယ်။  အဲဒီကနေပြီး  ကိုယ့်ကျွန်းပေါ်ကထက်  လူနေမှု အဆင့်မြင့်မားတဲ့သူတွေဆီ  ရောက်သွားချိန်မှာ မမြင်ဖူးတာတွေမြင်ရ၊  မသုံးဖူးတာတွေကို  သုံးရပေါ့။

ဒီဇာတ်ကားထဲမှာ  မှတ်မှတ်ရရအနေနဲ့က  ရန်ကုန်ရောက်သွားပြီး ဗိုလ်ထိုင်အိမ်သာထဲက  ရေတွေကို ချိုးတာ၊  သောက်တာတွေကို  ရိုက်တဲ့အခန်းတွေက ရယ်လည်းရယ်ရပါတယ်။  နောက်တစ်ခုက နှုတ်ဆက်ကြတဲ့ အချိန်မှာ ပါးရိုက်ပြီး နှုတ်ဆက်ကြတဲ့ အခန်းတွေက ရယ်ရတယ်။  ဒီဇာတ်ကားက  ပရိသတ်တွေ  စိတ်ပျော်ရွှင်မှုရစေမယ်လို့ ထင်ပါတယ်'' ဟု ဟာသသရုပ်ဆောင်  ခင်လှိုင်ကပြောသည်။ 

''ညီမက   ဆောင်းဝေဆိုတဲ့  ဇာတ်ကောင်နေရာကနေ  ပါဝင်သရုပ်ဆောင်ရတာပါ။ အဖေက ဘော်ဘော်ကထှော် လူမျိုးစုတွေကို  သုတေသနလုပ်ချင်တာကို  သမီးသုံးယောက်ဖြစ်တဲ့  ဆောင်းဝေ၊ မိုးစွေ၊ နွေဝါတို့က ရှာဖွေပေးကြ ရင်း အမှတ်မထင်တွေ့ခဲ့ကြတဲ့ သူတွေကို ရန်ကုန်ခေါ်လာခဲ့တယ်။ အဲဒီကနေ သူတို့နဲ့ နေထိုင်ပြောဆိုမှု မတူညီကြတာတွေ၊  လူနေမှုအဆင့်အတန်း ကွာခြားကြတာတွေမှာ   စကားပြောဆိုရတာတွေကအစ အဆင်မပြေကြဘူးပေါ့။ အဖေ့ရဲ့မွေးနေ့မှာ  ဒီလူမျိုးတွေကို ပြသဖို့ ရည်ရွယ်ထားပေမယ့် အမှတ်မထင်   အဖေကသိသွားတော့     အဆင်မပြေဖြစ်ကြပေမယ့် သုတေသန လုပ်ချင်တဲ့ ဘော်ဘော်ကထှော် လူမျိုးစုတွေကို တွေ့လိုက်တဲ့အချိန်မှာ ပျော်သွား တယ်။   နောက်ပိုင်း အဆင်မပြေမှုတွေရော ပျော်စရာ၊ ရယ်စရာတွေရောပါတယ်''ဟု ရွှေသမီးကပြောသည်။

ယင်းဇာတ်ကားကို  ဇာတ်လမ်း ဇော်မင်း(မ/ဒဂုံ)၊ ဇာတ်လမ်းမွမ်းမံမှုနှင့်   ဇာတ်ညွှန်း  ညီညီဘမောင်က ရေးသားပြီး   ဒါရိုက်တာ ကိုပေါက် ရိုက်ကူးကာ ကုအဖြစ် မြင့်မြတ်၊ ပိအဖြစ် ခင်လှိုင်၊  ကော်အဖြစ်  ဂျိုကာ၊ တိုက်ဂါးအဖြစ် အရိုင်း၊ မစ္စာလိုင်းရန်းအဖြစ် ရာဇာနေဝင်း၊ ဦးလေးပေါအဖြစ်  ညောင်ညောင်၊ ဆောင်းဝေအဖြစ် ရွှေသမီး၊  မိုးစွေအဖြစ် မုဏ်း၊ နွေဝါအဖြစ် ဆုအိမ့်စံ တို့နှင့်အတူ  ဇာတ်ပို့များစွာ  ပါဝင်သရုပ်ဆောင် ထားကြောင်း သိရသည်။ 

Read 314 times Last modified on Wednesday, 11 July 2018 08:52