SJ WorldNews - шаблон joomla Авто

သြဂုတ် ၁ဝ ရက်တွင် ရုံတင်ပြသမည့် ဣတ္ထိယ ရုပ်ရှင် ဇာတ်ကား

Wednesday, 08 August 2018 08:31 font size decrease font size decrease font size increase font size increase font size

နာမည်ကြီးမင်းသမီးသုံးဦးရဲ့   သရုပ်ဆောင်ပီပြင်မှုတွေကြောင့်   လာရောက် ကြည့်ရှုကြမယ့် ပရိသတ်တွေ ဘဝအမောပြေစေမယ့်  ဣတ္ထိယ ရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ 

ဣတ္ထိယရုပ်ရှင် ဇာတ်ကားကို သြဂုတ် ၁ဝ ရက်မှာ မြန်မာတစ်နိုင်ငံလုံး၌  ရုံတင်ပြသ သွားမှာပါ။  ဒီဇာတ်ကားထဲမှာ စရိုက်ခပ်ကြမ်းကြမ်း ညီအစ်မ သုံးဦးဖြစ်တဲ့ လုံးကြီးတင်၊ သေးသေးတင်နဲ့ ဆံခတ်တို့မှာ မိဘတွေ မရှိတော့ဘဲ ဘဝကို ဖြတ်သန်းခဲ့ကြရတယ်။ လုံးကြီးတင် ကတော့ ဆိုင်ကယ်၊ ထော်လာဂျီမောင်းပြီး ပိုက်ဆံဘယ်ကရမလဲ ဆိုတာကို   စဉ်းစားတတ်သူဖြစ်ပြီး သေးသေးတင်ကတော့ ရွာအနှံ့လှည့်လည် သတင်းယူ အတင်းအဖျင်း ပြောတတ်သူဖြစ်တယ်။   ညီမအငယ်ဆုံး ဖြစ်သူ  ဆံခတ်ကတော့  ပါးစပ်ကမပြောဘဲ လက်က အရင်ပါတတ်၍ ရန်ပွဲတွေ အမြဲဖြစ်တတ်ပြီး ညီအစ်မသုံးဦးစလုံးကို တစ်ရွာလုံးက လန့်နေကြပုံကို ဟာသနှော ရိုက်ကူးထားပါတယ်။ ရွာလူကြီးလည်း မနိုင်၊ ရွာဦးဘုန်းကြီးလည်း မနိုင်တဲ့ ညီအစ်မသုံးယောက်က မင်္ဂလာဆောင် ကန်ထရိုက်အဖြစ် လုပ်ကိုင်ချိန်မှာတော့ သတို့သားဖိုးလုံးရဲ့ လှည့်ကွက်ကိုမိသွားပြီး   ပိုက်ဆံဆုံးရှုံးလို့  ဖိုးလုံးကို ညီအစ်မသုံးယောက် ပညာပေးချိန်မှာ ရွာလူကြီး ဝင်ရောက်ဖျန်ဖြေပေးရင်း အိတ်စိုက်ဖြစ်ခဲ့ရပုံ၊ သူတို့နေထိုင်ရာ ရွာကို ချမ်းအေး ဆိုတဲ့    ကပ္ပိယခပ်ချောချော ကောင်လေး ရောက်လာချိန်မှာ တစ်ရွာလုံးက မိန်းမပျိုတွေ ဝိုင်းပြီး စိတ်ဝင်စားကြတဲ့ အထဲမှာတော့ ညီ အစ်မသုံးယောက်လည်း ပါလာခဲ့ပုံ၊ ကပ္ပိယကို စိတ်ဝင်စားပြီး ညီအစ်မသုံးယောက် ရန်ပွဲဖြစ်ပုံတွေ၊   နောက်ဆုံး    ကပ္ပိယချမ်းအေး တစ်ယောက်    ဓားပြဗိုလ်ရဲ့သားဆိုတာ သိလိုက်ရချိန်မှာတော့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကို ငွေရောင်ပိတ်ကားထက်မှာ ကြည့်ရှုခံစား ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ     လုံးကြီးတင်အဖြစ် စိုးမြတ်သူဇာ၊ သေးသေးတင်အဖြစ် ခိုင်သင်းကြည်၊  ဆံခတ်အဖြစ်  ဖွေးဖွေး၊  ချမ်းအေးအဖြစ် အလင်းရောင်၊ မိဂျမ်းအဖြစ် ယွန်းရွှေရည်၊ ဖိုးလုံးအဖြစ် ခင်လှိုင်တို့က ပါဝင်သရုပ်ဆောင်ထားကြပြီး စိန်ဌေးဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်ကာ ဇာတ်လမ်း ညာလက်တော်၊  ဇာတ်ညွှန်း  ဆူးခတ်မင်း ရေးသားပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Read 45 times Last modified on Wednesday, 08 August 2018 08:31