SJ WorldNews - шаблон joomla Авто

Miss Myanmar International 2018 သရဖူဆုရှင်နှင့် Title ဆုရှင်များအား မိတ်ဆက်အပ်နှံပွဲ ကျင်းပ

Wednesday, 08 August 2018 08:44 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ် 

Stellar Seven Entertainment မှ ကြီးမှူး၍  ဇွန်လက ကျင်းပခဲ့သော Miss Myanmar International 2018 ပွဲတွင် ဆုရရှိသော သရဖူဆုရှင်နှင့် Title ဆုရှင်များအား စာနယ်ဇင်းမီဒီယာများသို့ မိတ်ဆက်အပ်နှံခြင်း အခမ်းအနားကို ယမန်နေ့ က ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပသည်။

''Miss Myanmar International 2018 ပွဲမှာ   သရဖူဆုရရှိတဲ့   အလှမယ် မေယုခတ္တာက စက်တင်ဘာလမှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Gouldian Pageant Training မှာ  သွားရောက်လေ့ကျင့်မှာ ဖြစ်သလို နိုဝင်ဘာလမှာ  ဂျပန်နိုင်ငံ  တိုကျိုမြို့မှာ ကျင်းပမယ့် Miss International 2018 ပြိုင်ပွဲကြီးကိုလည်း Stellar Seven Enter-tainment ရဲ့ ပံ့ပိုးကူညီမှုနဲ့ ဝင်ရောက် ယှဉ်ပြိုင်မှာပါ။ အဲဒီပွဲမှာလည်း အလှမယ် မေယုခတ္တာအနေနဲ့  နိုင်ငံအတွက်ရော သူ့အတွက်ပါ အောင်မြင်မှု ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု  Stellar  Seven Entertainment  မှ Operation Directorဒေါ်လင်းဝတ်မှုံ ကပြောသည်။

အဆိုပါပွဲတွင် ဆုရရှိသောအလှမယ်များ ဖြစ်သည့် Miss Myanmar International 2018 Crown Winner ဆုရရှိသူ မေယုခတ္တာ၊ 1st Runner Up ပိုးအိမ့်ဇင်၊ 2nd Runner Upနေခြည်ထက်၊ Miss Popular ရွှန်းယမုံ၊ Miss Photogenic ဖြိုးပပထူး၊ Miss Congeniality ခင်စကားဝါဝင်းတို့ကို စာနယ်ဇင်းများအား မိတ်ဆက်အပ်နှံခဲ့သည်။

''Miss Myanmar International 2018 ပြိုင်ပွဲကို  မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ သွားရောက်ယှဉ်ပြိုင်တဲ့ အခါမှာ အောင်မြင်မှုရရှိဖို့ အစွမ်းကုန်ကြိုးစားမှာပါ။ ယှဉ်ပြိုင်တဲ့ အခါမှာလည်း  နိုင်ငံနဲ့လူမျိုးအတွက်    အကောင်းဆုံး ယှဉ်ပြိုင်မှာပါ။  သရဖူဆုရအလှမယ် တစ်ဦးအနေနဲ့ ပြည်တွင်းမှာရှိတဲ့ပြည်သူတွေရဲ့ ကောင်းကျိုးတွေ အတွက်လည်း တတ်နိုင်သမျှကြိုးစားမှာပါ'' ဟု Miss Myanmar International 2018 Crown Winner ဆုရရှိသူ မေယုခတ္တာ ကပြောသည်။

ယင်းပွဲကို Stellar Seven Entertain-ment ၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ စာနယ်ဇင်းများနှင့် ပြိုင်ပွဲတွင် ဆုရရှိခဲ့သော အလှမယ်များ တက်ရောက် ခဲ့ကြောင်း သိရသည်။                            

Read 94 times Last modified on Wednesday, 08 August 2018 08:45