SJ WorldNews - шаблон joomla Авто

ကာယဗလမောင်၊ ကာယအလှမယ်နှင့် အမျိုးသား၊ အမျိုးသမီး ကာယအလှ ကြံ့ခိုင်မှုပြိုင်ပွဲ ကျင်းပ

Thursday, 09 August 2018 12:32 font size decrease font size decrease font size increase font size increase font size

မော်လမြိုင်  သြဂုတ် 

မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် တောင်ဝိုင်းရပ်ရှိ မော်လမြိုင် တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက အားကစားနှင့် ကာယပညာကော်မတီနှင့် အနုပညာ အသင်းတို့ ဦးဆောင်၍ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ ကာယဗလမောင်၊ ကာယအလှမယ်နှင့် အမျိုးသား၊ အမျိုးသမီးကာယအလှကြံ့ခိုင်မှုပြိုင်ပွဲ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို''ငွေလ ညတိုင်းသာနေသည်'' သီချင်းဖြင့် ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အမှာစကားပြောကြားကာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး  ဒေါက်တာထိန်လင်းက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

ထို့နောက်  မြိတ်တက္ကသိုလ်မှ အလှမယ်များက ကိုယ်ဟန်များ ပြသကြပြီး ပြိုင်ပွဲဝင် ဘာသာရပ်ပေါင်းစုံ ကျောင်းသား၊  ကျောင်းသူများက ကာယဗလမောင်၊ ကာယအလှမယ်နှင့် ကာယအလှကြံ့ခိုင်မှုပြိုင်ပွဲကို ယှဉ်ပြိုင်ကြသည်။

ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မော်လမြိုင် တက္ကသိုလ်တာဝန်ခံ ဒေါက်တာအောင်မြတ်ကျော်စိန်၊ ဒုတိယပါမောက္ခချုပ်များ ဖြစ်သော ဒေါက်တာမီမီစိန်၊ ဒေါက်တာစန်းစန်းအေး နှင့် သင်္ချာဌာနပါမောက္ခ/ဌာနမှူး ဒေါက်တာ သီတာထွန်းတို့က  ဆုများအသီးသီး ပေးအပ်ကြသည်။

ယင်းနောက် မော်လမြိုင်တက္ကသိုလ် အားကစားနှင့်  ကာယပညာ ကော်မတီ ဥက္ကဋ္ဌ ဒဿနိကဗေဒဌာန   ပါမောက္ခ/ဌာနမှူး ဦးလေးမောင်က ပြိုင်ပွဲ အကဲဖြတ်ဒိုင်များအား အမှတ်တရ လက်ဆောင်များ အသီးသီး ပေးအပ်ကြကြောင်း သိရသည်။

Read 45 times Last modified on Thursday, 09 August 2018 12:33