SJ WorldNews - шаблон joomla Авто

Miss Earth Myanmar 2018 Earth Winner ဆုကို အလှမယ် ချောရူပသက် ရရှိ

Monday, 20 August 2018 09:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၉

ဖိလစ်ပိုင်နိုင်ငံ အလှမယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် အလှမယ်များ ရွေးချယ်ရန် Miss Earth Myanmar 2018 အလှမယ် ရွေးချယ်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပရာ Earth Winner ဆုကို အလှမယ် ချောရူပသက်က ရရှိကြောင်း သိရသည်။

''သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်ဖို့ နှိုးဆော်နေတဲ့ အဖွဲ့အစည်းက ဘာတွေ လုပ်ဆောင်နေလဲ ထိထိရောက်ရောက် ချပြချင်တယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ပါဆိုပြီး တိုက်တွန်းတာထက် ကိုယ်သိသလောက်၊ တတ်သလောက် မျှဝေတာပါ။ အလှမယ်ရွေးချယ်တယ် ဆိုတာလည်း ဒီသဘောပါပဲ။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်ကြား မိဘက ခွင့်ပြုသူတွေကို ကျွန်တော်တို့ ရွေးချယ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတွေကို စိတ်ဝင်စားလား၊ စိတ်မဝင်စား ဘူးလား ဆိုတာ ကြည့်ပါတယ်'' ဟု Miss Earth Myanmar Organization မှ National Director ဦးအောင်ကျော်လှိုင်က ပြောသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင် အလှမယ် ရှစ်ဦးကို Opening Dance & Introduction Round ၊ Swim Suit Round ၊ Question ၊ Evening Gown Round နှင့် English စာ အရည်အသွေး စစ်ဆေးခြင်း စသည့် အစီအစဉ်များကို ယှဉ်ပြိုင်စေပြီး ရွေးချယ်ခဲ့ရာ Earth Teen ဆုကို သင်းသဉ္ဇာစိုးက လည်းကောင်း၊ Earth Air ဆုကို ယွန်းနုဝတီက လည်းကောင်း၊ Earth Fire ဆုကို မေမြတ်နိုးသွယ်က လည်းကောင်း၊ Earth Water ဆုကို ရှုမငြီးပိုင် ကလည်းကောင်း၊ Earth Tore ဆုကို ပြည့်ဖူးငုံနှင့် Earth Winter ဆုကို ချောရူပသက်က လည်းကောင်း ရရှိ ခဲ့သည်။

ခင်မောင်တင်

Read 283 times Last modified on Monday, 20 August 2018 10:28