SJ WorldNews - шаблон joomla Авто

တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည့် အဆိုတော် နီတာ

Tuesday, 25 September 2018 09:04 font size decrease font size decrease font size increase font size increase font size

အဆိုတော်နီတာ၏ Nitar one Man Show (Pop & Rock Night Live Show) ကို  အောက်တိုဘာ ၆ ရက် ည ၈ နာရီတွင် ရန်ကုန်မြို့ရှိ Sakura Tower Roof Top ၌ အမျိုးသမီး အဆိုတော်လေးဦးနှင့် သီဆို ဖျော်ဖြေမည်ဖြစ်သည်။

''ပရိသတ်နဲ့ တစ်သားတည်းဖြစ်အောင် အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဖျော်ဖြေပေးမယ်။ Performance တွေပါမယ်။ ကိုယ်တိုင်တီးခတ်ပြီး ဆိုတဲ့ ပုံစံတွေပါမယ်။ဒီပွဲက ကျွန်တော့်အတွက်  ပထမဆုံး  Live ဖြစ်လို့ မှတ်တိုင်ကောင်း တစ်ခု  စိုက်ထူနိုင်မယ်လို့  ပြောလို့ရပါတယ်'' ဟု  နီတာ ကပြောသည်။

အဆိုပါပွဲတွင် ပထမပိုင်း ၁၃ ပုဒ်သီဆို ပြီး  ၁၅  မိနစ်နားကာ  ဒုတိယပိုင်းတွင် ၁၅ ပုဒ်  ထပ်မံဖျော်ဖြေပေးမည်ဖြစ်သည်။ စုံတွဲသီချင်း အပါအဝင်  တေးသီချင်း ၂၈ ပုဒ်ဖျော်ဖြေမည် ဖြစ်ပြီး လက်ရှိတွင်လည်း တေးသီချင်းများ စတိုက်နေပြီဖြစ်သည်။

'' ပွဲမှာ ပရိသတ်တွေကြိုက်မယ့် သီချင်းတွေအပြင် ကျွန်တော့်အကြိုက် သီချင်းတွေ လည်းဆိုမယ်။ အားလုံးအတူတူ ပျော်ပျော်ပါးပါးနဲ့   မိသားစုဆန်ဆန်ပွဲလေး ဖြစ်ချင်တယ်။   လာရောက်အားပေးကြပါ''ဟု  နီတာကပြောသည်။

လက်မှတ်ခအနေဖြင့်  တစ်စောင်လျှင် ငွေကျပ် တစ်သောင်း သတ်မှတ်ထားပြီး လက်မှတ်တစ်စောင်ကို One Ticket One Drink Freeဖြစ်သည်။

စုံတွဲ တေးသီချင်းများကို နီတာက ချမ်းချမ်း၊ ရတနာမိုင်၊ အေသင်ချိုဆွေ၊ ချောငယ် တို့နှင့်အတူ တွဲဖက် သီဆိုမည်ဖြစ်ပြီး လက်မှတ်များကို Hot Line မှတစ်ဆင့် ဝယ်ယူရရှိနိုင်ပြီး လက်ရှိတွင် လက်မှတ် ၃ဝဝ ကျော် ရောင်း ချပြီးဖြစ်သည်။

နီတာ၏ ဂီတသက်တမ်း ရှစ်နှစ်ကျော် ကာလအတွင်း နီတာရဲ့ နေသာချိန်၊ နီတာ အချိန်မရွေး တစ်ကိုယ်တော် အယ်လ်ဘမ်နှစ်ခွေ ထွက်ရှိထားပြီး အတွဲခွေ ၄ဝ ကျော် ထွက်ရှိထားသည်။နီတာအနေဖြင့် တတိယ အယ်လ်ဘမ်ဖြစ်သည့် နီတာ နောက်မဆုတ်ကြေးကို ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထွက်ရှိမည်ဖြစ်ပြီးဘာကြောင့်ချစ်ရင် အသည်းခွဲတာလဲ  စုံတွဲခွေမှာ မကြာမီ ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Read 246 times Last modified on Tuesday, 25 September 2018 09:05