SJ WorldNews - шаблон joomla Авто

ထိုင်းနိုင်ငံ၌ ကျင်းပမည့် Miss Universe 2018ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် နှင်းသွေးယုအောင်

Tuesday, 25 September 2018 09:17 font size decrease font size decrease font size increase font size increase font size

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဒီဇင်ဘာလတွင် ကျင်းပမည့် Miss Universe 2018 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် Miss Universe Myanmar 2018 ဆုရှင်  အလှမယ် နှင်းသွေးယုအောင်က    နိုဝင်ဘာ နောက်ဆုံးပတ်တွင် ထိုင်းနိုင်ငံ သို့   ထွက်ခွာမည်ဖြစ်သည်။

 ''ပြိုင်ပွဲကလည်း နှစ်လကျော် သုံးလလောက်ပဲလိုပါတော့တယ်။ပြိုင်ပွဲအတွက် စတင်ပြင်ဆင် နေပါပြီ။ ပြိုင်ပွဲမှာ  ဝတ်ဆင်မယ့်  ဝတ်စုံတွေကအစ အလှမယ်တစ်ယောက် အတွက်  လိုအပ်မယ့် အရာမှန်သမျှ လေ့ကျင့်နေပါတယ်။ အဓိကက Costume ပါ'' ဟု Miss Universe Myanmar 2018 အလှမယ် နှင်းသွေးယုအောင် ကပြောသည်။

နှင်းသွေးယုအောင်အနေဖြင့် ညနေခင်း ပွဲတက်ဝတ်စုံကို ဒီဇိုင်နာ ကိုဖြိုးကို၊ National ဒါရိုက်တာ မစောယုဝေတို့နှင့် တိုင်ပင်ကာပြင်ဆင်ပြီး Pageant Knowledge ပိုင်းဆိုင်ရာများကို နိုင်ငံတကာနှင့် ပတ်သက်သည့် ပညာရပ်ပိုင်း ဆိုင်ရာများ၊ လေ့ကျင့်မှုများကိုလည်း လေ့လာထားပြီး ဖြစ်သည်။

'' Pageant Knowledge ပိုင်းကို ဆက်လေ့လာနေပါတယ်။ သုံးပတ်လောက် Camp သွင်းမယ်။ ဒီဇင်ဘာ ၁၆ ရက်မှာ ဖိုင်နယ်ပွဲ ကျင်းပမယ်။ နိုဝင်ဘာ နောက်ဆုံးပတ်မှာ ပြိုင်ပွဲအတွက် ထိုင်းနိုင်ငံကို သွားမယ်။

ဒီပွဲမှာ  ဘာရရမယ်ဆိုတာထက် ဘာလုပ်ရမယ်ဆိုတာကိုပဲ   ခေါင်းထဲထည့်ထားတယ်''ဟု   နှင်းသွေးယုအောင်ကပြောသည်။

ပြိုင်ပွဲတွင် အလှမယ် နှင်းသွေးယုအောင်က မြန်မာတို့၏ အလှကုန်ဖြစ်သော သနပ်ခါးကို   ဂုဏ်ပြုပုံဖော် ချုပ်လုပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ညနေခင်း ပွဲတက်ဝတ်စုံကိုလည်း ထူးခြားဆန်းသစ်စွာ ဖန်တီး ထားသည်။

Read 185 times Last modified on Tuesday, 25 September 2018 09:18