SJ WorldNews - шаблон joomla Авто

ဒုတိယ တေးအယ်လ်ဘမ်အတွက် ပြင်ဆင်နေသည့် ဘီလီလမင်းအေး

Tuesday, 25 September 2018 09:22 font size decrease font size decrease font size increase font size increase font size

Myanmar Idol Season 2 ပြိုင်ပွဲမှ ပရိသတ်အားပေးမှုကို ယနေ့တိုင် ရရှိထားပြီး အောင်မြင်နေသည့် တေးသံရှင် ဘီလီလမင်းအေးသည် လက်ရှိတွင် သူမ၏ ဒုတိယတေးအယ်လ်ဘမ်ထွက်ရှိရန် ပြင်ဆင်နေကြောင်း သိရသည်။

''ဘဝမှာ တစ်ခါမှမခံစားဖူးတဲ့ ခံစားရမှုတွေ ပြိုင်ပွဲယှဉ်ပြိုင်ချိန်မှာ ကြုံခဲ့ရတယ်။ စိတ်မကောင်းဖြစ်မိတာပေါ့။ကိုယ့်ကို မကောင်းလာပြောတဲ့အခါ  ပြန်ပြောချင်တာပေါ့။ ဒါပေမဲ့ ဘယ်သူတွေ ဘာပဲပြောပြော သည်းခံပြီး     ကိုယ်လုပ်နေတဲ့ အလုပ်ကိုပဲအာရုံစိုက်လိုက်တယ်။ အကောင်းဆုံး ရိုးသားကြိုးစားခဲ့လို့လည်း ဖူးဒီနေရာမှာ ရပ်တည်နိုင်တာပါ။ ကောင်းတာလုပ်တဲ့သူက ကောင်းတဲ့အကျိုးကို ခံစားရမယ်။ ပတ်ဝန်းကျင်မှာ လူတွေပြောနေ၊ ဝေဖန်နေကြတာတွေက ကိုယ့်ကိုကောင်းစေချင်လို့ပဲဖြစ်ဖြစ်၊ ဝေဖန် တိုက်ခိုက်ချင်လို့ပဲဖြစ်ဖြစ် မှတ်သားထားပြီး ပြင်သင့်တာပြင်ပါတယ်'' ဟု ဘီလီလမင်းအေး ကပြောသည်။

လက်ရှိတွင် ကျောင်းဆရာမ အလုပ်ကို စွန့်လွှတ်ပြီး အနုပညာ ခရီးလမ်းပေါ် လျှောက်လှမ်းနေသော်လည်း စာသင်ခဲ့သည့် အချိန်တွေကို ပြန်လည်သတိရလျက် ရှိသည်။

ဘီလီလမင်းအေးသည် အရှုံးမပေးတဲ့ ဝိညာဉ်   ပထမအယ်လ်ဘမ် ထွက်ရှိထားပြီး ဒုတိယအယ်လ်ဘမ်ကို   မကြာမီ ထွက်ရှိရန်  ပြင်ဆင်နေကြောင်း သိရသည်။        

Read 123 times Last modified on Tuesday, 25 September 2018 09:23