SJ WorldNews - шаблон joomla Авто

ရောက်ရှိနေတဲ့ နေရာ တစ်နေရာအတွက် ကျေနပ်မှု မရှိသေးတဲ့ မော်ဒယ်လ် သရုပ်ဆောင် အဲလစ်အွန်း

Sunday, 07 October 2018 08:23 font size decrease font size decrease font size increase font size increase font size

၂ဝ၁၃ ခုနှစ်ကတည်းက မော်ဒယ်လ်လောကတွင် ခြေချခဲ့ပြီး လက်ရှိတွင် အနုပညာ အလုပ်များ လုပ်ကိုင်ခွင့်ရရှိနေပြီဖြစ်သည့် မော်ဒယ်လ်သရုပ်ဆောင် အဲလစ်အွန်းက သူမရောက်ရှိနေသည့် နေရာတစ်နေရာ အ တွက် ကျေနပ်အားရမှု မရှိသေးကြောင်း ပြောသည်။

''အဲလစ်ရတဲ့ အခွင့်အရေး၊ အဲလစ်ရတဲ့ အလုပ်ကို အကောင်းဆုံး လုပ်ပါတယ်။ ဒါပေမဲ့ အားရ ကျေနပ်မှု မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က Level တစ်ခုထားလိုက်တယ်။ အဲဒီလိုမျိုး Level တစ်ခုထား လိုက်တဲ့အခါ ရောက်သွားရင် လူ့စိတ်ဆိုတာ ပြောလို့မရဘူး။ ပြောင်းလဲသွားနိုင်တယ်။ အဲလစ်က အနုပညာဝါသနာပါတဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်။ ကိုယ့်အလုပ်ကို လေးစားပြီး ကိုယ်နဲ့ေ ပါင်းသင်း ဆက်ဆံနေတဲ့ သူတွေကိုလည်း လေးစားမယ် ဆိုရင် အားလုံးနဲ့ အဆင်ပြေမှာပါ။ အနုပညာ လောကမှာက ရုပ်ရည်တစ်ခုတည်းနဲ့ မရပါဘူး။ Talent ရှိရင်တောင် လေး၊ ငါးမျိုးလောက် ရှိကြတယ်။ ဒါပေမဲ့ ကိုယ့်အလုပ်ကို လေးစားတန်ဖိုး ထားမယ်ဆိုရင် အလုပ်ကလည်းပြန်ပြီး ကောင်းကျိုးပေးမှာပါ'' ဟု အဲလစ်အွန်းက ပြောသည်။

အဲလစ်အွန်းအနေဖြင့် လက်ရှိတွင် MTV၊ ကြော်ငြာ၊ စီးပွားရေး ကြော်ငြာများ သာမက ဗီဒီယို ဇာတ်ကားရိုက်ကူးမှုများ အပါအဝင် DIMENSIONS၊ အချစ်ဘယ်သူ့ပုံမှာတုံး စသည့် ရုပ်ရှင် ဇာတ်ကားများတွင်လည်း ပါဝင် သရုပ်ဆောင် ထားကြောင်း သိရသည်။

Read 94 times Last modified on Sunday, 07 October 2018 08:29