SJ WorldNews - шаблон joomla Авто

ထိုင်းနိုင်ငံ ရုပ်ရှင်ထုတ်လုပ်ရေးနှင့် အနုပညာ အလုပ်များ လုပ်နေသည့် အလှမယ် မေမြတ်နိုး

Sunday, 07 October 2018 08:23 font size decrease font size decrease font size increase font size increase font size

လက်ရှိတွင် မေမြတ်နိုးသည် ထိုင်းနိုင်ငံရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးနေသည့် Invincible ရုပ်ရှင် ဇာတ်ကားတွင် နာမည်ကြီး နိုင်ငံခြားရုပ်ရှင် မင်းသားဖြစ်သော Johnny Strong နှင့်အတူ ခေါင်းဆောင် မင်းသ မီးနေရာက ပါဝင်ရိုက်ကူးထားကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ခွင့်ရပုံနှင့် စပ်လျဉ်း၍ မေမြတ်နိုးက ''ဒီဇာတ်ကားမှာ ပါဝင်ရိုက်ကူးခွင့်ရဖို့ သြဂုတ်လက ထိုင်းနိုင်ငံမှာ လူတွေ့စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရတယ်။ သြဂုတ် လကုန်လောက်မှာ ကြေ ညာပေးတယ်။ အဲဒီမှာ မြတ်နိုးပါတယ်။ ဒါကြောင့် စက်တင်ဘာတစ်လလုံး ထိုင်းနိုင်ငံမှာ ရိုက်ကူးရေး သွားလုပ်ရတယ်။

မြန်မာနိုင်ငံမှာ အလုပ်တွေရှိလို့ ခဏတော့ ပြန်လာဖြစ်တယ်။ တကယ်တမ်းရိုက်ကူးတဲ့ အချိန်မှာလည်း ဟိုက ဒါရိုက်တာရော မင်းသားကိုယ်တိုင်ကပါ သင်ကြားပေးပါတယ်။ ကူညီပေးကြလို့ လည်း အရမ်းကြီး ခက်ခဲ တာမျိုးမရှိခဲ့ဘူး''ဟု မေမြတ်နိုးက ပြောသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် လူရွေးချယ်ပွဲရှိကြောင်း မေမြတ်နိုး၏ ပရိသတ်တစ်ဦးက ပြောပြ၍ ဝင်ရောက် အရွေး ချယ်ခံခဲ့ခြင်းဖြစ်ကြောင်းနှင့် ပွဲအတွက် ပြင် ဆင်ချိန်မရှိဘဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရကြောင်း ပွင့်လင်း စွာပြောပြခဲ့သည်။

ယင်းဇာတ်ကားသည် အက်ရှင်ကားဖြစ်သော်လည်း သူမအနေဖြင့် အက်ရှင်ဇာတ်ဝင်ခန်းကို သရုပ်ဆောင်ဖူးခြင်း မရှိသေးသည့် ဇာတ်ကောင်စရိုက်ကို ပါဝင်သရုပ်ဆောင်ခြင်း ဖြစ်ပြီး ၂ဝ၁၉ ခုနှစ် အတွင်း ပရိသတ် များ၊ သတင်းမီဒီယာများနှင့် ယင်းဇာတ်ကားကို မိတ်ဆက်ပေးမည် ဖြစ်ကြောင်း သိရသည်။

Read 59 times Last modified on Sunday, 07 October 2018 08:29