SJ WorldNews - шаблон joomla Авто

တေးအယ်လ်ဘမ် ထွက်ရှိဖို့ စီစဉ်နေတဲ့ အဆိုတော် မျိုးကြီး

Sunday, 07 October 2018 08:29 font size decrease font size decrease font size increase font size increase font size

အဆိုတော် မျိုးကြီးသည် လူမှုပတ်ဝန်းကျင်နှင့် အချစ်အကြောင်းများ ပါဝင်သည့် တေးအယ်လ်ဘမ် ထွက်ရှိရန် စီစဉ်နေပြီး ယင်းသီချင်းများကို ပရိသတ်များနားဆင်နိုင်ရန် အွန်လိုင်းတွင် ဦးစွာ တင်ပေးမည်ဖြစ်ကြောင်း သိရသည်။

''ဒီနေ့အချိန်ထိ အားပေးလာကြတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော့် သီချင်းကတော့ မျိုးစုံပါပဲ။ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို ခံစားသီဆိုမှာဖြစ်သလို အချစ်အကြောင်းတွေကို လည်း ထည့်ထားပါတယ်။ ကျွန်တော်တို့ IC အဖွဲ့သားတွေ သီချင်းတွေ လုပ်နေကြတာရှိပါတယ်။ ကိုလေးဖြူ၊ ကိုဝိုင်း၊ ကိုအငဲတို့ရဲ့အခွေ အရင်ထွက်လာလိမ့်မယ် ထင်တယ်။ ကျွန်တော့်အခွေ လုပ်နေတာကြာပြီ။ ဒါပေမဲ့ မပြီးသေးဘူး။ ကျွန်တော်က သူတို့ထက် နောက်ကျတယ်။ ကျွန်တော်ကတော့ သုံးလေးပုဒ်လောက်ပါပဲ''ဟု အဆိုတော် မျိုးကြီးကပြော သည်။ အောက်တိုဘာ ၂၃ ရက်တွင် IC အဖွဲ့သားများနှင့် ပုဂံမြို့မှ စတင်ပြီး ဖျော်ဖြေပွဲများ လှည့်လည် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

Read 59 times Last modified on Sunday, 07 October 2018 08:34