SJ WorldNews - шаблон joomla Авто

Miss Grand International 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်

Tuesday, 09 October 2018 13:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ 

Miss Grand International 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်  လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Miss  Grand  International 2018 ပြိုင်ပွဲကို Hello Madam Media Group rS Host Organizer အဖြစ် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး စာနယ်ဇင်း မိတ်ဆက်ပွဲနှင့် ပြိုင်ပွဲဝင်များအား ကြိုဆိုခြင်း အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ Karaweik   Palace ၌ ကျင်းပခဲ့သည်။

Miss Grand International 2018 ပြိုင်ပွဲ၏ အမျိုးသားဝတ်စုံပြိုင်ပွဲကို အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ရှိ Gandamar Grand Ballroom၌ ကျင်းပမည်ဖြစ်ကြောင်း၊ ရေကူးဝတ်စုံ ပြိုင်ပွဲကို အောက်တိုဘာ ၂ဝ ရက်တွင် ကော့သောင်းမြို့ရှိ Grand Andaman Resort ၌ ကျင်းပမည်ဖြစ်ကြောင်း၊ အကြိုပြိုင်ပွဲနှင့် နောက်ဆုံးအဆင့်ပြိုင်ပွဲကို အောက်တိုဘာ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် ရန်ကုန်မြို့ရှိ The One Entertainment Park ၌ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲကို နိုင်ငံပေါင်း ၈ဝ   ကျော်မှ  ကိုယ်စားပြု အလှမယ်များ လာရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။   

Read 54 times Last modified on Tuesday, 09 October 2018 13:49