SJ WorldNews - шаблон joomla Авто

အလှမယ်ထက် သရုပ်ဆောင်ပိုင်းကို ပိုမိုအားသန်နေသည်ဟု အလှမယ် စဝ်ယွန်းဝတီပြော

Sunday, 25 November 2018 12:40 font size decrease font size decrease font size increase font size increase font size

အလှမယ်ထက် သရုပ်ဆောင်ပိုင်းကို ပိုမိုအားသန်နေခြင်းကြောင့် သရုပ်ဆောင်ဘက်ကို ခြေချရပ်တည်တော့မည်ဖြစ်ကြောင်း အလှမယ် စဝ်ယွန်းဝတီက ယခုလိုပြောသည်။

''ညီမ အလှမယ်တစ်ယောက်အနေနဲ့ဝင်ပြိုင် ပြီးသွားပါပြီ။ အလှမယ်ကလည်း အသက်အရွယ် ရှိသေးတယ်။ နောက်ထပ် ပြိုင်ပွဲတွေထပ်ပြိုင်ဖို့ စဉ်းစားဖို့လိုပါသေးတယ်။ အများကြီးစဉ်းစားရ မှာ ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းကို ပိုပြီးအားသန်တယ်။ အလှမယ်နဲ့ သရုပ်ဆောင်က အများကြီးကွာခြားမှုရှိပါတယ်။ အလှမယ် တစ်ယောက်ကတော့ ပုံသေနည်းရှိတယ်။ ဒီလိုနေရ မယ်၊ ဒီလိုသွားရမယ်၊ ဒီလိုစိတ်ထား ရမယ်ပေါ့။ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်း ကမ်းတွေ ရှိတယ်။ သရုပ်ဆောင်ကျတော့ အဲဒီလိုမဟုတ်ဘူး။ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်တဲ့ဇာတ် ရုပ်ဖြစ်အောင် အမြဲတမ်း ပြင်ဆင်နေရတယ်။ သရုပ်ဆောင်လုပ်တဲ့ အချိန်မှာ စိုးရိမ်စိတ်တွေရှိ တယ်။ ကိုယ်သရုပ်ဆောင်ထား တဲ့ပုံတွေ တက်လာတော့ အားပေးကြတာရှိတယ်။ ဝေဖန် ပြော ဆိုကြတာတွေရှိတယ်။ အဓိကက ကိုယ့်အနေနဲ့ ဇာတ်ရုပ်ရွေးချယ်မှု မရှိပါဘူး။ ကိုယ်နဲ့လိုက် ဖက်မယ့် ဇာတ်ကောင်စရိုက်ကို အကောင်းဆုံး သရုပ်ဆောင်သွားမှာပါ'' ဟု စဝ်ယွန်းဝတီက ပြောသည်။

စဝ်ယွန်းဝတီ အနေဖြင့် ရုပ်ရှင် ဇာတ်ကားခုနစ်ကား၌ ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိတွင် သရုပ်ဆောင်၏ သဘောတရားကို အနည်းငယ်နားလည် နေပြီဖြစ်ကြောင်း သိရသည်။

Read 111 times Last modified on Sunday, 25 November 2018 12:42