SJ WorldNews - шаблон joomla Авто

လာမည့် နှစ်ဆန်းပိုင်းတွင် တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်ရှိမည့် အဆိုတော် အီတိုး

Sunday, 25 November 2018 12:40 font size decrease font size decrease font size increase font size increase font size

လာမည့်နှစ်ဆန်းပိုင်းတွင် တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်သည့် Noise Music အယ်လ်ဘမ် ထွက်ရှိရန် စီစဉ်နေကြောင်း အဆိုတော် အီတိုးက ပြောသည်။ ''ဆေးပေါင်းခတဲ့ ရန်ကုန်ည ဖျော်ဖြေပွဲကို ရန်ကုန်မှာကျင်းပတဲ့အတွက် ဂီတနယ်ပယ်က လူတွေအားလုံးကို ပြန်တွေ့ရတယ်။ ကျွန်တော့်အနေနဲ့ အနုပညာအလုပ်တွေ ပြန်လုပ်နေတာကြာပါပြီ။ ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ အယ်လ်ဘမ်ထွက်ဖို့ လုပ်နေပါတယ်။ ကျွန်တော်အရင်က စီးပွားရေး ဘက်ကိုပြောင်းခဲ့ပြီး နောက်ပိုင်းမှာ စီးပွားရေး မလုပ်ဖြစ်တော့ဘူး။ ဂီတလောကထဲမှာပဲ ပြန်ပြီး ကျင်လည်နေတာ ၁ဝ နှစ်လောက်ရှိပြီ။ အရင်ကတော့ သီချင်းတွေနဲ့ ဝေးကွာသလိုဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ဒီဘက်ပိုင်းဂီတနဲ့ Active မဖြစ်ဘူးလို့ထင်တယ်။ ကျွန်တော်တို့ ကျင်လည်တဲ့ ဂီတပိုင်းမှာတော့ ပိုပြီး Active ဖြစ်တယ်လို့ ထင်ပါတယ်'' ဟု အီတိုးက ပြောသည်။

Read 188 times Last modified on Sunday, 25 November 2018 12:43