SJ WorldNews - шаблон joomla Авто

နေတိုးနှင့် နေထက်လင်းတို့ အားပြိုင်မည့် ကျားနှင့်ဆင် ရုပ်ရှင်ဇာတ်ကား ယခုလကုန်ပိုင်းတွင် ရိုက်ကူးမည်

Sunday, 25 November 2018 12:42 font size decrease font size decrease font size increase font size increase font size

သရုပ်ဆောင် နေထက်လင်းနှင့် သရုပ်ဆောင် အကယ်ဒမီ နေတိုးတို့ အားပြိုင်မည့် ကျားနှင့် ဆင် ရုပ်ရှင်ဇာတ်ကားကို ယခုလကုန်ပိုင်းတွင် စတင်ရိုက်ကူးမည်ဖြစ်ကြောင်း ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ကပြောသည်။

''ဖေဖော်ဝါရီလတုန်းက ကိုနေတိုးကို ဒီဇာတ်လမ်းရဲ့ဇာတ်ညွှန်းကို သွားပြတယ်။ သူလည်း သေချာဖတ်တယ်။ သူကြိုက်တဲ့အတွက် ဒီကားကိုရိုက်ကူးဖို့ ဖြစ်လာတာပါ။ ဒီဇာတ်ကားအ တွက် ရိုက်ကွင်းနေရာကို သေချာလေ့လာ တယ်။ ကိုနေတိုး လက်ခံလိုက်ပြီ ဆိုကတည်းက ချက်ချင်းပြင်ဆင်တယ်။ ရိုက်ကွင်းနေရာကို နှစ်လလောက် သေချာသွားကြည့်ဖြစ်တယ်။ ဒီဇာတ်ကားက အပြိုင်အဆိုင်ထက် လူတစ်ယောက် လုပ်လိုက်တဲ့အရာက တစ်ဖက်လူကို သွားထိခိုက်တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် တင်းမာမှုတွေဖြစ်လာပြီး ယှဉ်ပြိုင်မှု ပြင်း ထန်လာတဲ့သဘောပါ''ဟု ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)ကပြောသည်။

ကျားနှင့်ဆင် ရုပ်ရှင်ဇာတ်ကားကို တနင်္သာရီ တိုင်းဒေသကြီး၌ သွားရောက် ရိုက်ကူးမည်ဖြစ်ပြီး ယင်းဒေသ၌ထင်ရှားသည့် ရိုးရာကျားအကများကို ထည့်သွင်းရိုက်ကူးမည်ဖြစ်ကြောင်း သိရ သည်။ကျားနှင့်ဆင် ရုပ်ရှင်ဇာတ်ကားကို R Square ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်မည်ဖြစ် ပြီး ဇာတ်လမ်း ဇော်မျိုးသန့် (မြိတ်)၊ ဇာတ်ညွှန်း နေစိုးသော်၊ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) က ရိုက်ကူးမည်ဖြစ်ပြီး နေတိုး၊ နေထက်လင်း၊ ထွန်းထွန်း၊ ဇင်ဝိုင်း၊ အေးမြတ်သူနှင့် ရွှေသမီးတို့အပါအဝင် တခြားဇာတ်ပို့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

Read 228 times Last modified on Sunday, 25 November 2018 12:43