နယူးဖိုးဝရုပ်ရှင်ထုတ်လုပ်ရေး၏ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်သည့် အမည်ပေါက်နှင့် ကျူး ရုပ်ရှင်ဇာတ်ကားကို မကြာမီရုံတင်ပြသနိုင်ရန် စီစဉ်နေကြောင်း အဆိုပါရုပ်ရှင် ထုတ်လုပ်ရေးမှ သိရသည်။
ယင်းရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်မြင့်မြတ်၊ ဇင်ဝိုင်း၊ အိချောပို၊ မေကဗျာ၊စိုးမိုးကြည်၊ ဇော်ဦး၊ ဇော်ဝင်းနိုင်၊ ဒိန်းဒေါင်၊ငှက်ပျောကြော်၊ တိမ်ညွန့်၊ ကျော်ထူး၊ ဆင်မ၊ကြူကြူသင်း၊ နိုင်လူ၊ မတူး စသည့်သရုပ်ဆောင်များစွာနှင့် ကလေး သရုပ်ဆောင်ငြိမ်းထက်ဇော်တို့က ပါဝင်သရုပ်ဆောင်ထားကြသည်။
"ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်ဖြစ်တဲ့ မြင့်မြတ်ရဲ့ဇာတ်ကောင်စရိုက်က တခြားဇာတ် ကားတွေနဲ့မတူဘဲ ကွဲပြားတဲ့စရိုက်မျိုးနဲ့ သရုပ်ဆောင်ထားပါတယ်"ဟု ဒါရိုက်တာဇော်မျိုး ကပြောသည်။
အဆိုပါဇာတ်ကားသည် ဆင်ခြေဖုံးရပ်ကွက်များရှိ ပြည်သူများနှင့် ကျူးကျော်နေထိုင်သူများ၏ဘ၀ကို ထင်ဟပ်ပေါ်လွင်စေရန် ရိုက်ကူးထားခြင်းဖြစ်ပြီး ဇာတ်ညွှန်းမြမြင့်မိုရ်နှင့် နေစိုး သော်တို့က ရေးသားထားကာ ဒါရိုက်တာဇော်မျိုးက ပုံဖော် ရိုက်ကူးထားကြောင်း သိရသည်။
ထက်ခိုင်(စမ်းချောင်း)