SJ WorldNews - шаблон joomla Авто

သီချင်းများကို လွတ်လပ်စွာရေးသားခွင့် ရရှိနေကြောင်း အဆိုတော်ဝေလပြော

Sunday, 06 August 2017 13:29 font size decrease font size decrease font size increase font size increase font size

လက်ရှိတွင် သီချင်းများရေးသားရသည်မှာ ယခင်ကထက်  ပေါ့ပါးလွတ်လပ်စွာ ရေးသားခွင့် ရလာကြောင်း အဆိုတော်ဝေလ ကပြောသည်။  

''အရင်တုန်းက သီချင်းရေးရင် ဆင်ဆာမလွတ်မှာ စိုးရိမ်ရတယ်။အခုတော့ သီချင်းရေးရတာ ပိုပြီးလွတ်လပ်သွားတယ်။ တခြားသူတွေအတွက်လည်းရေးပေးဖြစ်ပါတယ်။အခုဆိုရင်  ပိုပိုဟေသာရဲ့ နောက်ထွက်မယ့် အခွေအတွက် သီချင်းရေးပေးနေတယ်'' ဟု ဝေလကပြောသည်။    

လက်ရှိတွင် အဆိုတော်ဝေလသည် ၄င်း၏ အဓိပတိဖွား တေးစီးရီး Music Video ရိုက်ကူးနေပြီး ဆင်ဆာတင်ရန်သာ ကျန်ရှိတော့ကြောင်းနှင့် သြဂုတ်လတွင် ထွက်ရှိနိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

ယင်း Music Video  တွင်  သီချင်း ၁၁ ပုဒ်  ပါဝင်မည်ဖြစ်သည်။   အဆိုတော်ဝေလသည်  တစ်ကိုယ်တော်အခွေ သုံးခွေအထိထွက်ရှိထားကာ Hip Hop အဆိုရှင် ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေတို့နှင့်သီဆိုထားသည့်  ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်မယ်သီချင်းဖြင့် ပရိသတ်အားပေးမှုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။     

အမ်အမ်ကေ   

Read 807 times Last modified on Sunday, 06 August 2017 13:36