Print this page

Miss Universe ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အလှမယ် နှင်းသွေးယုအောင် ထိုင်းနိုင်ငံသို့ ထွက်ခွာ

Friday, 30 November 2018 11:01 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   နိုဝင်ဘာ   ၂၉

ထိုင်းနိုင်ငံ၌ ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အလှမယ်နှင်း သွေးယုအောင်သည် ယနေ့တွင်  Myanmar National Airline ဖြင့်  ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

Miss  Universe   Myanmar 2018  အလှမယ် နှင်းသွေးယုအောင်ကို ပရိသတ်များနှင့် Miss  Universe  Myanmar Or-ganization မှ တာဝန်ရှိသူများက လေဆိပ်တွင် လိုက်ပါ ပို့ဆောင်ကြသည်။

''ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပြီး     ကြိုးစားယှဉ်ပြိုင် သွားမှာပါ။ နှင်းသွေးကိုလည်း ပရိသတ်တွေက  အားပေးကြပါ။  မြန်မာနိုင်ငံ ကိုယ်စားပြုပြီး  ပရိသတ် တွေအတွက် အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ''ဟု အလှမယ် နှင်းသွေးယုအောင် ကပြော သည်။

Miss Universe ပြိုင်ပွဲသို့ ၂ဝ၁၃ ခုနှစ် တွင် မိုးစက်ဝိုင်၊ ၂ဝ၁၄ ခုနှစ်တွင် သျှားထွဋ်အိန္ဒြာ၊ ၂ဝ၁၅ ခုနှစ်တွင် မေဘရဏီသော်၊ ၂ဝ၁၆  ခုနှစ်တွင် ထက်ထက်ထွန်းနှင့် ၂ဝ၁၇ ခုနှစ်တွင် ဇွန်သံစဉ်တို့က မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ၂ဝ၁၆ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အလှမယ် ထက်ထက်ထွန်းသည် National Costumeဆုကို ရရှိခဲ့သည်။

၂ဝ၁၈   ခုနှစ်အတွက်   အလှမယ် နှင်းသွေးယုအောင်က မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၆၇)ကြိမ်မြောက် Miss Universe ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 

Read 246 times Last modified on Friday, 30 November 2018 11:02