SJ WorldNews - шаблон joomla Авто

သရဲမဇာတ်ရုပ်နေရာက ပါဝင်ထားပေမယ့် သရဲမကြောက်တတ်ကြောင်း နန်းခင်ဇေယျာပြော

Sunday, 06 August 2017 13:37 font size decrease font size decrease font size increase font size increase font size

ကြောက်  ကြောက်  ကြောက် ရုပ်ရှင် ဇာတ်ကားတွင်  သရဲမဇာတ်ရုပ်နေရာက ပါဝင် သရုပ်ဆောင်ထားသော်လည်း လက်တွေ့ဘဝတွင်  တစ္ဆေ၊ သရဲ မကြောက်တတ် ကြောင်း နန်းခင်ဇေယျာကပြောသည်။

''ဒီဇာတ်ကားရိုက်တော့လည်း ညဘက် တွေချည်းပဲ တောက်လျှောက်ရိုက်ရတယ်။  မိုးလင်း မှရှုတင်ပြီးတယ်။နန်းခင်က သရဲတော့မကြောက်တတ်ဘူး။ဒါပေမဲ့ စိတ်တော့ ချောက်ချားတယ် ''ဟု နန်းခင်ဇေယျာ ကပြောသည်။ 

ကြောက် ကြောက် ကြောက် ရုပ်ရှင် ဇာတ်ကားတွင် နန်းခင်ဇေယျာက တစ်ခေါင်း လုံး မီးလောင်ထားသည့်    သရဲမနေရာမှ ပါဝင်သရုပ်ဆောင်ထားခြင်းကြောင့် မိတ်ကပ် နှင့် အသံ ပိုင်းတွင်  ပိုမိုဂရုစိုက်ရကြောင်း နန်းခင်ဇေယျာကပြောသည်။

''အရင်ကလည်း   နန်းခင်  သရဲကား တွေရိုက်ဖူးပါတယ်။ ပိုင်တံခွန်နဲ့ နန်းခင်တို့ ရိုက်ထားတဲ့  သရဲကားတစ်ကားရှိတယ်။ အဲဒီဇာတ်ကားကို နန်းခင်တို့ အမြန်လမ်း ပေါ်မှာ ညဘက် ရိုက် ခဲ့တယ်။   အဲဒီတုန်းကလည်း   သရုပ်ဆောင်တချို့ကို   ဝင်ပူး တာတွေဖြစ်ခဲ့ဖူးတယ်''   ဟု  နန်းခင်ဇေယျာက သူမ၏အတွေ့အကြုံကို ပြော သည်။

ကြောက်  ကြောက် ကြောက် ရုပ်ရှင် ဇာတ်ကားကို  ဒါရိုက်တာသြရသရိုက်ကူး ထားပြီး သရုပ်ဆောင် နေတိုး၊ ထွန်းထွန်း၊ ကျော်ကျော်၊ မင်းသွေး၊ နန်းခင်ဇေယျာ၊ နန်းမြတ်ဖြိုးသင်း၊ ခင်ဝင့်ဝါ၊ ပိုပို၊ ဂျိုကာနှင့် တခြားအနုပညာရှင်များစွာ   ပါဝင်သရုပ် ဆောင်ထားကြောင်း သိရသည်။

အမ်အမ်ကေ

Read 1092 times Last modified on Sunday, 06 August 2017 13:39