SJ WorldNews - шаблон joomla Авто

အဆိုတော် ပိုးအိစံ၏ အယ်လ်ဘမ် ခုနစ်ခွေ တစ်ပြိုင်တည်း ဖြန့်ချိ

Monday, 18 February 2019 10:11 font size decrease font size decrease font size increase font size increase font size

အဆိုတော်ပိုးအိစံသည်   ၎င်း၏တေး အယ်လ်ဘမ် ခုနစ်ခွေကို ဖေဖော်ဝါရီ ၁၃ ရက်က  တစ်ပြိုင်တည်း ဖြန့်ချိခဲ့ရာ အမှာစာများလည်း ရရှိနေပြီဖြစ်ကြောင်း သိရသည်။

''အခုလို သီချင်းအယ်လ်ဘမ် ခုနစ်ခွေကို တစ်ပြိုင်တည်း ထုတ်လိုက်တာက အဆင်ပြေ မယ်လို့ထင်ပါတယ်။     ဒီအယ်လ်ဘမ်တွေထဲမှာ  သီချင်းဟောင်းတွေလည်း ပါတယ်၊

အသစ်တွေလည်း ပါပါတယ်။ DVD နှစ်ခွေ၊ DIS ငါးခွေ၊ DVD က အစ်မရဲ့ Live Show ဒုတိယပိုင်းနဲ့ တတိယပိုင်းပါ၊ ကျန်တဲ့ ငါးခွေက Audio CD ပါ။  လောလောဆယ် အယ်လ်ဘမ်တွေကို မှာနေတာက ခုနစ်ခွေတွဲတွေ များတယ်။ ကျန်တဲ့အပိုင်းက ပရိသတ် ရွေးချယ်မှုပါပဲ။ ပရိသတ်က သူတို့အားသန်တာကို ဝယ်ကြမှာပါ''ဟု အဆိုတော်ပိုးအိစံ ကပြောသည်။

အဆိုပါအခွေများကှိုညေ ကျြငခ ဏမသ-ိကခအငသည ကဖြန့်ချိခြင်းဖြစ်ပြီး သီချင်းခွေခုနစ် ခွေတစ်ပြိုင်တည်းဖြန့်ချိခြင်းမှာ မြန်မာ့ဂီတ လောကတွင်  ပထမဆုံးဖြစ်ကြောင်း  သိရသည်။

''နယ်တွေက မှာတာတွေရော ရန်ကုန်က မှာတာတွေပါ တော်တော်များပါတယ်။အခုလို ခုနစ်ခွေတစ်ပြိုင်တည်း ထွက်တာက နောက်အနုပညာရှင်တွေအတွက် အားတစ် ခုပဲလို့ ထင်တယ်။ အစ်မသက်ရှိထင်ရှားရှိ နေတဲ့အချိန်မှာ  မြန်မြန်လေးထုတ်လိုက်တဲ့ သဘောပါပဲ။   နောက်ထပ်   ထပ်ထွက်မယ့် စီးရီးတွေလည်းရှိပါသေးတယ်။ နောက်ထွက် မှာတွေကလည်း  အခုလိုပဲတစ်ပြိုင်တည်း ထွက်မှာပါ'' ဟု ပိုးအိစံကပြောသည်။

အဆိုပါ ခုနစ်ခွေမှာ စောင်းညှို့သံနှလုံး သား၊ နှလုံးသားပုဂံပြည်၊ လားရှိုးမင်းသား လေး၂၊ ပိုးအိစံကို မွေးဖွားခြင်းနှစ် ၂ဝ ပြည့် ဒုတိယ+တတိယ၊ လရောင်ပျိုးတဲ့ ကုမုဒြာ၊ ငွေသောင်ယံအယ်လ်ဘမ်တို့ဖြစ်ကြောင်း သိရ သည်။                                

Read 257 times Last modified on Monday, 18 February 2019 10:13