Print this page

အနုပညာ အလုပ်တွေကို တဖြည်းဖြည်း ပြန်လုပ်မယ်ဆိုတဲ့ အဆိုတော် သီရိဆွေ

Monday, 18 February 2019 10:17 font size decrease font size decrease font size increase font size increase font size

အနုပညာအလုပ်များ လုပ်ကိုင်မှုနည်းပါး ပြီး    ပရိသတ်များနှင့် အလှမ်းဝေးကွာနေသည့် အဆိုတော် သီရိဆွေက သင်္ကြန်ပြီးပါက သီချင်းသစ် တစ်ပုဒ်ကို အွန်လိုင်းပေါ်တင် ပေးမည့်အပြင်အနုပညာ အလုပ်များကိုလည်း     ပြန်လည် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

''သင်္ကြန်ပြီးရင်တော့ အွန်လိုင်းမှာ သီချင်း သစ်တစ်ပုဒ်လောက်  တင်ဖို့စီစဉ်ထားပါတယ်။ ဒုတိယအခွေကတော့ အားလုံးပြီးသွားပါပြီ။ လုပ်လက်စလေး နည်းနည်းတော့ ကျန် သေးတယ်။ အခွေထွက်လာရင် အားပေးကြပါဦး။ ကလေးတစ်ဖက်နဲ့ အနုပညာအလုပ် တွေ လုပ်ရတာမလွယ်ပါဘူး။ အခုမှအငယ် လေးက ငါးလပဲ ရှိသေးတယ်။ အကြီးလေးက လေးနှစ်ခွဲပါ။ ကလေးကိစ္စတွေနဲ့ တော်တော် လေးကိုလုံးပန်းရတယ်။အခုအနုပညာ အလုပ်တွေပြန်လုပ်လို့ရတဲ့ အခြေအနေ တော့ ရောက်နေပါပြီ။ ကိုယ့်ကိုယ်ကိုယ်တော့ နေ့စဉ် Takecare လုပ်ရတာပေါ့။ တချို့ကျတော့လည်း ကူပေးမယ့်သူတွေ မရှိတော့ မလွယ်ပါဘူး။ သီရိလည်း  ကြိုးစားနေပါ တယ်။  အနုပညာအလုပ်တွေကို  တဖြည်းဖြည်းနဲ့ပြန်လုပ်မှာပါ''  ဟု  သီရိဆွေကပြောသည်။

Read 357 times Last modified on Monday, 18 February 2019 10:18