SJ WorldNews - шаблон joomla Авто

ဆယ်ကျော်သက် မယ်စကြဝဋ္ဌာ သရဖူရှင် ဗန်ဒါဇီးကွယ်လွန်

Monday, 11 March 2019 10:05 font size decrease font size decrease font size increase font size increase font size

အမ်စတာဒန် မတ် ၁ဝ

ဆယ်ကျော်သက် မယ်စကြဝဋ္ဌာ ဘွဲ့ရခဲ့တဲ့ နယ်သာလန်မော်ဒယ်လ်မလေး လော့တီဗန်ဒါဇီးသည် ပြီးခဲ့သည့် ရက်ပိုင်းက ကွယ်လွန်ခဲ့ပြီလို့ မိသားစုက ကြေညာပါတယ်။ လော့တီက ၂ဝ၁၇ ခုနှစ်က ဆယ်ကျော်သက် မယ်စကြဝဋ္ဌာပြိုင်ပွဲမှာ အလှဆုံး မိန်းကလေးအဖြစ် သရဖူ ဆွတ်ခူးခဲ့တာကြောင့် အောင်မြင်တဲ့ မော်ဒယ်လ်ဘဝကို ရနေပြီး အသက် ၂ဝ ပြည့်မွေးနေ့ မတိုင်ခင်တစ်ရက် အလိုမှာပဲ သူမက သြစတြီးယားနိုင်ငံ ဝက်စ်တန်ဒေါ့ဖ်က နှင်းလျှော စီးစခန်းကို အပျော်ခရီးထွက်ရင်း နေထိုင်မကောင်းရာက ရုတ်တရက်နှလုံးဖောက်သွားခဲ့ပါတယ်။

ကိုမာဖြစ်သွားလို့ နီးစပ်ရာဆေးရုံ တင်လိုက်ပြီး ချက်ချင်းမြူးနစ်က အထူးကုဆေးရုံကို ပို့ဆောင်ကုသပေမယ့် နှစ်ပတ်အကြာမှာပဲ ကလီဇာတွေ အလုပ်မလုပ် နိုင်တော့လို့ ကွယ်လွန်သွားခဲ့ကြောင်း မိသားစုက သူမရဲ့ အင်စတာဂရမ် စာမျက်နှာမှာ အသိပေးသွားခဲ့ပါတယ်။

Ref:TMZ

Read 379 times Last modified on Monday, 11 March 2019 10:07