Print this page

မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းက ပေးအပ်မည့် STAR AWARDS ဆုတွင် TV Series ဆုများ ပါဝင်လာ

Monday, 18 March 2019 08:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   မတ်   ၁၇

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း MJA ကစီစဉ်ပြီး Stellar  Seven  Entertainment  ၏ပံ့ပိုးမှုဖြင့်ပြုလုပ်မည့်  ပထမအကြိမ် STAR AWARDS ဆုပေးအပ်ပွဲတွင် TV Series ဆုများကိုပါ ပေးအပ်သွားမည်ဖြစ်ကြောင်း ယနေ့ နေ့လယ် ပိုင်းတွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်ရှိ The  Yangon  Gallery ၌ ကျင်းပသည့်  အကြို စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

STAR  AWARDS ဆုအတွက်၂ဝ၁၈ ခုနှစ် အတွင်းရိုက်ကူးပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၈၃ ကားအနက်မှ ဆန်ခါတင် ၂၆ ကားရွေးချယ် ထားပြီး ယင်းဆန်ခါတင်ဇာတ်ကားများမှ ဆု၁၅ ဆု ပေးအပ်သွားမည်ဖြစ်သည်။ အလားတူ  ၂ဝ၁၈ ခုနှစ် အတွင်း MRTV ၊ MWD ၊ MRTV-4 ၊ Sky Net ရုပ်သံတို့မှ ထုတ်လွှင့်ပြသခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲ ၁၁ တွဲမှ TV Series ဆုငါးဆုကို လည်း ပေးအပ်သွားမည်ဖြစ်သည်။

ယခင်သတ်မှတ်ခဲ့သော  STAR  AWARDS ဆုအမျိုးအစားတွင် Honourable Award ၊ Story Award၊ Best Picture Award၊ Director Award၊ Actor in the Leading Role Award၊ Actress in the Leading Role Award၊ Actor  in the Supporting Role  Award၊  Actress in the Supporting Role Award၊ Photographer Award ၊  Director of Photography Award ၊ Special Effects Award၊ Theme Song Award၊ Special  Award ၊ Popular  Award၊ People's Choice   Award  တို့ပါဝင်သော်လည်း  ယခု Photographer Award နှင့် Director of  Photography Award ဆုနှစ်ဆုကိုလည်း တစ်ပေါင်းတည်း သတ်မှတ်ကာ ရုပ်ရှင်ရိုက်ကူးရေးပညာ (Cinematography)  ဆုအဖြစ် ပေးအပ်မည်ဖြစ်ပြီး ရုပ်ရှင်မျိုးဆက်သစ်ဆု (Rising Star) ကို ထပ်မံ ထည့်သွင်း ပေးအပ်မည်ဖြစ်သည်။

TV  Series  ဆုများတွင်လည်း ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားသရုပ်ဆောင်၊ အမျိုးသမီးသရုပ်ဆောင်နှင့် အထူးဆု တို့ပါဝင် သည်။ ထို့ပြင် ယင်းဆုပေးအပ်ပွဲ ကျင်းပသည့် နေ့တွင်  ခမ်းနားစွာ ဝတ်ဆင်လာသည့် အမျိုးသား သရုပ်ဆောင် တစ်ဦး၊ အမျိုးသမီး သရုပ် ဆောင်တစ်ဦးနှင့် ပရိသတ်တစ်ဦး တို့ကိုလည်း ဆုပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

STAR   AWARDS ဆုပေးအပ်နိုင်ရန်  မြန်မာနိုင်ငံသတင်းစာဆရာအသင်းအနေဖြင့် ဆုရွေးချယ်ရေး အတိုင်ပင်ခံ ခြောက်ဦးနှင့်  ကော်မတီဝင် ၂၂ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များက ဆန်ခါတင် ၂၆ ကားကို မဲစနစ်ဖြင့် အဆိုပြု ရွေးချယ် ခဲ့ကြကာ  ရုပ်ရှင်ပညာရှင်များ၊  မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှ ဆုရွေးချယ်ရေး ကော်မတီဝင်များ၏ အကဲဖြတ် အမှတ်များဖြင့် ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။ ထို့ပြင် ရုပ်ရှင်ဝါသနာရှင်များ၊ ရုပ်ရှင်ပရိသတ်များက ပေးသော မဲများဖြင့် ရွေးချယ် ပေးမည့် ဆုများလည်း ပါဝင်ကြောင်း သိရသည်။

STAR AWARDS ဆုအမျိုးအစား ၁၅ ခုအနက်မှ ဆုရရှိသူများအား ဆုတစ်ဆုလျှင် ရွှေတံဆိပ်ဆုနှင့် ဆုကြေးငွေ ကျပ်သိန်း  ၅ဝ ကို လည်းကောင်း၊ွှ TV Series ဆုအမျိုးအစား ငါးခုအနက်မှ ဆုရရှိသူများအား ဆုတစ်ဆုလျှင် ငွေတံဆိပ် နှင့် ဆုကြေးငွေ ကျပ်သိန်း ၃ဝ ကိုလည်းကောင်း၊ ခမ်းနားစွာ ဝတ်စားဆင်ယင်သည့် သရုပ်ဆောင် နှစ်ဦးနှင့် ပရိသတ် တစ်ဦး အတွက် တစ်ဦးလျှင် ရွှေနှစ်ကျပ်သား ရင်ထိုး တစ်ခုစီတို့ကိုလည်းကောင်း ပေးအပ်သွားမည် ဖြစ်သည်။

အဆိုပါ ဆုပေးအပ်ပွဲ အခမ်းအနားကို   ဧပြီ ၅ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ သုဝဏ္ဏဘူမိ Event Park ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။                               

ဝန်းရံခ

Read 316 times Last modified on Monday, 18 March 2019 08:52