SJ WorldNews - шаблон joomla Авто

(၇) ကြိမ်မြောက် မယ်စကြဝဠာ ပြိုင်ပွဲအတွက် အလှမယ်များ မိတ်ဆက်ပွဲ ကျင်းပ

Saturday, 23 March 2019 12:02 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    မတ်   ၂၂

(၇) ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲကို မေလကုန်တွင် ကျင်းပရန် စီစဉ်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ်များကို ယမန်နေ့က   ရန်ကုန်မြို့  ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌   မိတ်ဆက်ပွဲ ကျင်းပသည်။

''ဒီပြိုင်ပွဲကို၂ဝဝ၃ ခုနှစ်ကနေ စပြီး ကျင်းပ လာခဲ့တာပါ။ ၂ဝ၁၅ ခုနှစ်မှာတော့ နိုင်ငံတကာ ပြိုင်ပွဲတွေကို စေလွှတ်ယှဉ်ပြိုင်တဲ့အခါ အထိုက်အလျောက် အောင်မြင်မှုတွေ ရလာပါတယ်။ ဒီနှစ်မှာလည်း မြို့ကြီး ၃၁ မြို့မှာ သွားရောက်ပြီး  အလှမယ်တွေကို ရွေးချယ်ထားတာပါ''  ဟု Hello Madam  မှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စိုးယုဝေက ပြောသည်။

ရွေးချယ်ထားသော ကိုယ်စားပြုအလှမယ် ၂၇ ဦး၏ လူမှုရေးခရီးစဉ် လှုပ်ရှားမှုများ၊ အကြိုပြိုင်ပွဲများနှင့် စခန်းသွင်းလေ့ကျင့်မှုများကို မေ ၇ ရက်မှ စတင်မည်ဖြစ်သည်။ ယင်းအလှမယ်များသည် ထားဝယ်မြို့ရှိ ဒေသခံများနှင့်  တွေ့ဆုံ၍  လူမှုရေးလုပ်ငန်းများ ပြုလုပ်မည်ဖြစ်ပြီး ကော့သောင်းမြို့ရှိ သူဌေးကျွန်း၌ ပြိုင်ပွဲများ ကျင်းပ၍ Final ပြိုင်ပွဲကို မေ ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။

''ဒီနှစ်က ထူးခြားပါတယ်။ တနင်္သာရီတိုင်း ဒေသကြီးမှာရှိတဲ့  မြန်မာနိုင်ငံရဲ့ ကျွန်းတွေ၊ ရေမြေတောတောင် သဘာဝအလှတွေကို လေ့လာခွင့်ရမှာဖြစ်လို့ အလှမယ်တွေအတွက် အရမ်းကို တန်ဖိုးရှိတဲ့ အစီအစဉ်လို့ ထင်ပါတယ်'' ဟု Miss Universe Myanmar 2018 မှ အလှမယ် နှင်းသွေးယုအောင်က  ပြောသည်။

မယ်စကြဝဠာအလှမယ် ရွေးချယ်ပွဲများတွင် Miss Universe Myanmar 2013  ၌ မိုးစက်ဝိုင်၊ Miss Universe Myanmar 2014 ၌ သျှားထွဋ်အိန္ဒြာ၊ Miss Universe Myanmar 2015 ၌  မေဘရဏီသော်၊ Miss Universe Myanmar 2016 ၌ ထက်ထက်ထွန်း၊ Miss Universe Myan-mar 2017 ၌ ဇွန်သံစဉ်၊ Miss Universe Myanmar 2018 ၌ နှင်းသွေးယုအောင် တို့က အလှမယ်များအဖြစ် ရွေးချယ်ခံထားရကြောင်း သိရသည်။

Read 345 times Last modified on Saturday, 23 March 2019 12:02