SJ WorldNews - шаблон joomla Авто

ပထမအကြိမ် မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်း၍ ပုဂံရတနာသိုက် ရုပ်ရှင် ရိုက်ကူးမည်

Friday, 26 April 2019 11:44 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံသို့  လာရောက်လည်ပတ်သည့်  နိုင်ငံခြားခရီးသွား ဧည့်သည်  ဦးရေ တိုးပွားလာစေရန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပိုမိုတိုးတက် လာစေရန် ရည်ရွယ်၍    ပုဂံရတနာသိုက် ရုပ်ရှင်ဇာတ်ကား ကို ပထမအကြိမ် နှစ်နိုင်ငံ ပူးပေါင်းပြီး   မြန်မာနိုင်ငံ၌   စတင်ရိုက်ကူး မည်ဖြစ်ကြောင်း အဆိုပါဇာတ်ကား စီစဉ်သူ Jackie Ran ၏ပြောကြားချက်အရ   သိရသည်။
''ဇာတ်ကြောင်းဇာတ်ကွက်တွေ ပြသတဲ့ တစ်ချိန်တည်းမှာပဲ   မြန်မာနိုင်ငံရဲ့ လှပတဲ့ နိုင်ငံပုံရိပ်၊   ကြွယ်ဝတဲ့ ယဉ်ကျေးမှုသမိုင်းကြောင်း၊  ရိုးသားစုံလင်တဲ့  ပြည်သူတွေနဲ့ ပေါများလှတဲ့  ခရီးသွား အရင်းအမြစ်တွေကိုပါ ပုံဖော်ပြသမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို မြန်မာနဲ့တရုတ်နိုင်ငံအပြင်   အရှေ့တောင် အာရှနိုင်ငံတွေမှာပါ ရုံတင်ပြသသွားမှာပါ''ဟု Jackie Ran ကပြောသည်။
ပုဂံရတနာသိုက် ရုပ်ရှင်သည် Lost in Thailand  နမူနာပုံစံ ဇာတ်ကားဖြစ်ပြီး အဆိုပါ ဇာတ်ကားအတွက်  ခြောက်လတာ ကြိုတင်ပြင်ဆင်မှုများ   ပြုလုပ်ပြီးဖြစ်ကာ ယခုအခါ  မြန်မာနိုင်ငံ၌ သုံးလကြာ စတင် ရိုက်ကူးမည်ဖြစ်သည်။
အဆိုပါရုပ်ရှင်ကို  လိပ်ပြာစံအိမ်ရုပ်ရှင် ဇာတ်ကားအား  ရိုက်ကူးထားသည့် Brave   Empire  Entertainment   ကုမ္ပဏီ နှင့် တရုတ်နိုင်ငံမှ Beijing Trawind Di-vision ကုမ္ပဏီတို့ ပူးပေါင်းစီစဉ် ရိုက်ကူးမည်ဖြစ်ကာ Beijing Good Fortune Capital နှင့် Myanmar International Travel Asia  တို့က    ပံ့ပိုးကူညီ ပေးကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းဇာတ်ကားတွင်  နှစ်နိုင်ငံ  သရုပ်ဆောင်များ  ပါဝင်မည်ဖြစ်ပြီး  မြန်မာနှင့် တရုတ်နိုင်ငံအပြင် အရှေ့တောင်အာရှနိုင်ငံ များ၌လည်း     ရုံတင်ပြသမည်ဖြစ်ကြောင်း   သိရသည်။
ရုပ်ရှင်ဇာတ်လမ်းအကျဉ်းမှာ တရုတ်လူငယ်တစ်ဦး မြန်မာနိုင်ငံ၌ ရတနာသိုက်များ  လာရောက်ရှာဖွေချိန်တွင် မြန်မာနှင့် တရုတ်လူငယ်များ အတူတကွ ရင်ဆိုင်ရမည့် စိတ်လှုပ်ရှားဖွယ်  အတွေ့အကြုံများကို ဟာသနှော၍  ပုံဖော်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ဇာတ်လမ်းကို Jackie Ran ၊ Co- Pro-ducer Guan Zheng၊ Chief  Producer He Xiaochuan တို့က စီစဉ်ပြီး ဒါရိုက်တာ Liu Xuand ၊ နာမည်ကြီး အွန်လိုင်းဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ Cui zouzhao ၊ ပရိုဂျူဆာ Yu Dongyang နှင့် မြန်မာဇာတ်ညွှန်းရေးဆရာနှင့်  ဒါရိုက်တာ အဖွဲ့များ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရုပ်ရှင်ပူးပေါင်း ဆောင်ရွက်မှု တစ်ခုသာမက ရုပ်ရှင်မှတစ်ဆင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာအပေါ် သက်ရောက်မှုကိုပါ မြှင့်တင်ပေးနိုင်၍ မြန်မာနှင့် တရုတ်နိုင်ငံကြား  ယဉ်ကျေးမှု ဖလှယ်ရေးနှင့်  ပူးပေါင်း ဆောင်ရွက်ရေးတို့ကို  မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ 
Read 149 times Last modified on Friday, 26 April 2019 11:46