SJ WorldNews - шаблон joomla Авто

မြန်မာ-ဥရောပ တွေ့ဆုံခြင်း ဂီတဖျော်ဖြေပွဲသို့ ဝင်ကြေး အခမဲ့ဖြင့် ပါဝင်ဆင်နွှဲနိုင်

Thursday, 09 May 2019 10:33 font size decrease font size decrease font size increase font size increase font size

ဂန္ထဝင်တေးသီချင်း  ချစ်မြတ်နိုးသူများ အတွက် မြန်မာ- ဥရောပတွေ့ဆုံခြင်း  (EU Meets Myanmar) ဂီတဖျော်ဖြေပွဲကို မေ ၁ဝ ရက်တွင် ရန်ကုန်မြို့ရှိ Strand Hotel Ballroom ၌  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားဖြစ်သော ဂီတမှတစ်ဆင့် မတူကွဲပြားမှုများကို ပေါင်းကူး ပေးနိုင်ရန် ရည်ရွယ်၍   မြန်မာနိုင်ငံ၌ ဥရောပနေ့ အထိမ်းအမှတ်    မြန်မာနှင့် ဥရောပတွေ့ဆုံခြင်း ဂီတဖျော်ဖြေပွဲကို ကျင်းပခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားအတွက် ကမ္ဘာ့ထိပ်တန်း သံစုံတီးဝိုင်းအဖွဲ့ဖြစ်ပြီး ဥရောပသမဂ္ဂ၏  ယဉ်ကျေးမှုဆိုင်ရာ  သံတမန်လည်းဖြစ်သော   European   Union  Youth Orchestra  မှ ကျောင်းသား၊ ကျောင်းသူ   ငါးဦးသည် ရန်ကုန်မြို့ သို့ လာရောက်ကြမည် ဖြစ်သည်။

ထို့ပြင် Orchestra  for  Myanmar ၊ မိဘမဲ့ကျောင်းများ၊ ခရစ်ယာန် ဘုရားကျောင်းများ၊  ရန်ကုန်မြို့ရှိ ကျောင်းများမှ  ကလေးငယ်များနှင့် ဖွဲ့စည်းထားသော New Children's Choir ၊ ရန်ကုန်မြို့ရှိ ပြည်ပနိုင်ငံသားများနှင့် ဖွဲ့စည်းထားသော သံစုံသီကျူးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့်  Strand Singers အဖွဲ့များမှ ဂီတပညာရှင်များနှင့် အတူ ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။

EU Meets Myanmar ဂီတဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံအတွက် သံစုံတီးဝိုင်းများအဖွဲ့ (Orchestra for Myanmar) ကလေးငယ်များ  သံစုံသီကျူးအဖွဲ့သစ်  (New Children's Choir) ၊ Strand Singers အဖွဲ့နှင့်  ပါရမီရှင် လူငယ်တေးဂီတ ပညာရှင်များသည် European Union Youth Orchestraမှ ဆရာ၊ ဆရာမဟောင်းများနှင့် အတူ  ဥရောပဂန္ထဝင် သံစဉ်များ၊  မြန်မာနှင့် ဥရောပ ရိုးရာတေးသီချင်းများကို ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး  စိတ်ဝင်စား သူများ အနေဖြင့် ဝင်ကြေးအခမဲ့ဖြင့် ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရသည်။           

Read 85 times Last modified on Thursday, 09 May 2019 10:34