SJ WorldNews - шаблон joomla Авто

တေးသံရှင် ရိန်မိုး၏ ဆဋ္ဌမမြောက် တစ်ကိုယ်တော် လူပေ တေးစီးရီး ထွက်ရှိ

Tuesday, 14 May 2019 10:47 font size decrease font size decrease font size increase font size increase font size

တေးသံရှင်ရိန်မိုး၏ ဆဋ္ဌမမြောက် တစ်ကိုယ်တော်အခွေဖြစ်သည့်  လူပေ တေးစီးရီး စီဒီနှင့်  ဒီဗွီဒီ ထွက်ရှိလာပြီး မေ ၁၉ ရက်တွင် မာစတာ တေးသံသွင်းမှ    ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။

''ဒီအခွေက ကျွန်တော့်ရဲ့ ခြောက်ခွေ မြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်ပါတယ်။သီချင်းတွေကလည်း ကျွန်တော်နဲ့ လိုက်ဖက်မှုရှိမယ့် ပုံစံတွေကို ရွေးချယ်ထားတယ်။ သုံးလေးလလောက်တော့ အချိန်ယူ ပြင်ဆင်ခဲ့ရပါတယ်'' ဟု တေးသံရှင် ရိန်မိုးက ပြောသည်။

အဆိုပါတေးစီးရီးတွင်  သီချင်းခုနစ်ပုဒ် ပါဝင်ပြီး တေးရေး  Saw Blesses ၊ Lay Wah  ၊ Wiro ၊ K.K Hser တို့ ရေးသားသည့် ကိုယ်ပိုင်သံစဉ်များ ပါဝင်ကာ   Rock Star Band ဖြင့် တီးခတ်၍ PTL &  Blessing Studio ၌ အသံဖမ်းယူထားသည်။ ထို့ပြင် Rock နှင့် Pop  ဂီတအမျိုးအစားများ ပါဝင်ပြီး    လူငယ်ဒါရိုက်တာများ ဖြစ်ကြသည့် ထင်ကျော်လင်း  (လူ့ပြည်)၊  ဈာန်ထူးနှင့် မိုးသစ်တို့က ဒီဗွီဒီအဖြစ် ဖန်တီး ရိုက်ကူး ပေးထားကြောင်း သိရသည်။

Read 163 times Last modified on Tuesday, 14 May 2019 10:48