SJ WorldNews - шаблон joomla Авто

သရုပ်ဆောင်ရမယ့် အပိုင်းမှာ ကြိုးစားခွင့် လိုချင်ပါသေးတယ်ဆိုတဲ့ အကယ်ဒမီနေတိုး

Tuesday, 14 May 2019 10:59 font size decrease font size decrease font size increase font size increase font size

ရုပ်ရှင်ဇာတ်ကားတွေ  ပြိုင်တူရုံတင်နေ တဲ့အပေါ် ကိုနေတိုးရဲ့အမြင်ကို သိပါရစေ။

ရုပ်ရှင်ရေစီးကြောင်းကတော့ နှစ်ကား ပြိုင်တူရုံတင်လိုက်တဲ့အခါ   ဇာတ်လမ်း၊ ဇာတ်အိမ် မတူတာ ကံကောင်းတယ်လို့ ပြောလို့ရတာပေါ့။ အရသာ မတူတော့ ပရိသတ်က မျှပြီးကြည့်လို့ ရတယ်လေ။ ကျွန်တော့်အနေ နဲ့လည်း  ဇာတ်ကားတွေ တိုက်တဲ့အတွက် တော်တော်လေး   အန္တရာယ်များပါတယ်။ ဗီဒီယိုတောင်   တစ်ပြိုင်တည်း ရုံတင်ရင် အဆင်မပြေဖြစ်တာပဲ။  တော်တော်လေး ပြောင်းလဲနိုင်အောင် လုပ်မှရမှာပါ။  ဒီလိုသာ ဆက်တိုက်ဖြစ်လာရင် ကျွန်တော့်အနေနဲ့လည်း စိုးရိမ်မိပါတယ်။  နောက်ပြီး  ဒရာမာ ဇာတ်ကားနှစ်ကားတိုက်တာတွေ၊  ဟာသ ဇာတ်ကားနှစ်ကား တိုက်တာတွေဖြစ်လာရင်   ကျွန်တော်တို့အတွက်ရော  အနုပညာတစ် လောကလုံးနဲ့ ပရိသတ်အတွက်ပါ မကောင်းသလိုဖြစ်မယ်။ အခုဆို ရုံကောင်းတွေလည်း အများကြီး တိုးလာတယ်။ ရိုက်ကူးမှုတွေ အရင်လောက် မများတော့ဘူးဆိုတော့  ဇာတ်ကားကောင်းတွေ ပိုတွေ့ရတယ်။ ကျွန်တော် ကတော့ ရုပ်ရှင်တွေ အနေနဲ့ပဲဖြစ်ဖြစ်၊ ထုတ်လုပ်သူတွေပဲဖြစ်ဖြစ်၊ ရုပ်ရှင်အစည်းအရုံးက ပဲဖြစ်ဖြစ် ပြသရေးနဲ့ ပတ်သက်တဲ့အကြောင်းကို နည်းနည်းညှိနှိုင်းပေးဖို့ လိုနေပြီလို့ ပြောချင်ပါတယ်။

ရုံတင်တော့မယ့်    ပြဿနာရုပ်ရှင် ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

နောက်ရုံတင်မယ့်  ပြဿနာ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံက   ပေါ့ပါးတယ်လို့ ထင်ရပေမယ့် တကယ်တော့ သရုပ်ဆောင်ရတာ မပေါ့ပါးပါဘူး။ ဒါရိုက်တာ  ဦးပွားနဲ့ ရှေ့မှာရိုက်ခဲ့တဲ့   ရုပ်ရှင်ဇာတ်ကားတွေ အများကြီး ရှိတယ်ဆိုတော့  အစမ်းလေ့ကျင့်မှုတွေတောင် မလုပ်ခိုင်းဘူး။ ဒီလူတွေကပိုင်ပြီး သားဆိုပြီး  ရိုက်ခဲ့တာပါ။ ဦးသူရနဲ့  ဦးပွားတို့က ကိုယ်ပိုင်ထုတ်လုပ်ရေး ဆိုတော့ ဟာသကား ဖန်တီးဖြစ်တယ်။ ဒါရိုက်တာ ဦးပွားရဲ့ အငွေ့အသက်တွေလည်း ပါတယ်။ သူဖန်တီးတဲ့ ပြဿနာတွေလည်း ပါတယ်။

ကိုနေတိုးရဲ့  ကာရိုက်တာ ပီပြင်မှုတွေကြောင့် Nomination  ဝင်ချိန်မှာလည်း ကိုယ့်ရဲ့ ဇာတ်ကောင်အချင်းချင်းပဲ ပြိုင်နေရတယ်လို့ ပြောလို့ရမလား။

 ကျွန်တော့်အနေနဲ့ အိုက်တင်ပိုင်းမှာ ကွဲထွက်အောင်တော့  သရုပ်ဆောင်ရတာပဲ။ အခုလည်း   ပရိသတ် သတိထားမိမှာပါ။ကာရိုက်တာကို တတ်နိုင်သလောက်ကွဲထွက်အောင် ကြိုးစားရိုက်ကူး ဖြစ်ပါတယ်။ အနု ပညာသမား ဆိုတာ အလုပ်နဲ့ပဲ သက်သေပြရတာပါ။ လက်ရှိ  ရုံတင်ပြသနေတဲ့ ကားတွေ၊ နောက်ထပ်ရိုက်မယ့်ကားတွေ  မတူအောင် ကြိုးစား ဖန်တီးနေပါတယ်။ ဒီအခွင့်အရေးကို ရအောင် ကိုယ်တိုင်ကြိုးစားနေပါတယ်။

ဇာတ်ကောင်ကမ်းလှမ်းမှုကြောင့် ပင်ပန်းတာရောရှိမလား။

 တချို့က ကိုနေတိုးနဲ့ရိုက်မှရမှာဆိုပြီး ရောက်လာတာတွေရှိတယ်။ တကယ်တမ်း ဖတ်ကြည့်တဲ့အချိန်မှာ    ကျွန်တော်နဲ့မှ ရမယ်ဆိုတဲ့ဇာတ်ကောင်က   အရမ်းကို ပင်ပန်းတဲ့   ဇာတ်ကောင်တွေဖြစ်နေတယ်။ ကိုယ်တိုင်ကလည်း ပင်ပန်းဖို့ဇာတာပါလာတယ်နဲ့ တူတယ်။ ဇာတ်ကောင်တွေက ခက်ခဲ ပင်ပန်းရတာတွေပဲဖြစ်နေတယ်။ပရိသတ်အတွက် အထူးအဆန်းတွေဖြစ်နေမယ်ဆို ရင်တော့ သရုပ်ဆောင်ရမယ့် အပိုင်းမှာ ကျွန်တော့်အနေနဲ့  ကြိုးစားခွင့်တွေ အများကြီး လိုချင်ပါသေးတယ်။                    

Read 68 times Last modified on Tuesday, 14 May 2019 11:00