SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရင်ဝှက်အက္ခရာ ရုပ်ရှင်တွင် ကိုရီးယား သရုပ်ဆောင်နှင့် တွဲဖက် သရုပ်ဆောင်နေသည့် နန်းဆုဦး

Sunday, 26 May 2019 11:27 font size decrease font size decrease font size increase font size increase font size

သရုပ်ဆောင် နန်းဆုဦးသည်  ရင်ဝှက်အက္ခရာ ရုပ်ရှင်တွင် ကိုရီးယား သရုပ်ဆောင်နှင့် တွဲဖက် ရိုက်ကူးနေကြောင်း သိရသည်။

''နန်းဆုတို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ကိုရီးယားယဉ်ကျေးမှုတွေ တစ်ခုနဲ့တစ်ခုက မတူနိုင်ဘူး။ ကိုရီးယား ယဉ်ကျေးမှုကိုလည်း   လေ့လာခွင့်ရမယ်။ သရုပ်ဆောင်တွေ အားလုံးက အိုက်တင်ပိုင်းကိုပဲ ဂရုစိုက်ပြီး ပြင်ဆင်ရမှာပါ။ တွဲဖက်ရိုက်ကူးမယ့် Mah Won Woo က  သဘောကောင်းပြီး  မျက်နှာက ချိုတယ်'' ဟု နန်းဆုဦးက ပြောသည်။

ရင်ဝှက်အက္ခရာ ရုပ်ရှင်တွင် နန်းဆုဦးသည် ထွန်းကိုကို၊ ကိုရီးယားမင်းသား Mah Won Woo တို့နှင့်အတူ ပါဝင် သရုပ်ဆောင် လျက်ရှိသည်။

''အရင်ရိုက်ဖူးထားတဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်တွေနဲ့ မတူဘူး။ ကိုယ်လေးစားရတဲ့ ဒါရိုက်တာ  ဦးအောင်ကိုလတ် ရိုက်ကူးတာပါ။ ကိုယ့်ကို မင်းသမီး တစ်ယောက်နေရာက ယုံယုံကြည်ကြည် လက်ခံပြီး ရိုက်ကူးခွင့် ပေးတဲ့အတွက်  ကျေးဇူး တင်ပါတယ်'' ဟု နန်းဆုဦးက ပြောသည်။                                

 ဆုလာဘ်

Read 129 times Last modified on Sunday, 26 May 2019 11:28