SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရင်ခွင်တံခါးခေါက်၍ နှလုံးသားပေါ် ဖြတ်လျှောက်သွားတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမည်

Sunday, 26 May 2019 11:28 font size decrease font size decrease font size increase font size increase font size

ရင်ခွင်တံခါးခေါက်၍ နှလုံးသားပေါ် ဖြတ်လျှောက်သွားတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကို  မေ ၃ဝ ရက်တွင်  ရုံတင်ပြသမည် ဖြစ်ပြီး  ဒါရိုက်တာညွန့်မြန်မာညီညီအောင်က အချစ်ဒရာမာဇာတ်လမ်း ပုံစံဖန်တီး ရိုက်ကူးထားရာ အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ထားကြသည့် အနုပညာရှင်များ၏ အမှတ်တရ စကားသံများကို တင်ပြလိုက်ပါသည်။

ဒါရိုက်တာညွန့်မြန်မာညီညီအောင်

ရွှေထူးက လက်ရှိဂီတလောကမှာ အောင်မြင်ပြီးသားပါ။  သရုပ်ဆောင်သစ် ဆိုပေမယ့် အားထုတ်မှုနဲ့ လုံ့လဝီရိယ ရှိတော့  အဆင်ပြေတယ်။ ရွှေထူး မအောင်မြင်ခင် ဖြတ်သန်းခဲ့တဲ့ အချိန်တွေနဲ့ အောင်မြင်ပြီး နောက်ပိုင်းအချိန်  ဇာတ်ဝင်ခန်းတွေ ပါမယ်။ သီချင်းကြောင့် ဇာတ်လမ်းဇာတ်အိမ်ကို လျော့မသွားအောင်လည်း စီစဉ်ပေးထားတယ်။

ဖြိုးငွေစိုး

ကျွန်တော်က ဒီဇာတ်ကားမှာ လုပ်ငန်းရှင်သူဌေး ဦးမြတ်မင်းနိုင် အနေနဲ့ ပါဝင် သရုပ်ဆောင်ထားတယ်။ ချစ်သူအတွက် ဆိုရင် ငွေနဲ့ အရာရာကို ဖြည့်ဆည်းပေးနိုင်တဲ့ လူတစ်ယောက်အပြင် စီးပွားရေးလုပ်ငန်းမှာ အောင်မြင်မှုရနေတဲ့ လူတစ်ယောက်ပေါ့။ အသက်အရွယ် မတူတဲ့ ငယ်ရွယ်တဲ့ ကောင်မလေးနဲ့ ချစ်နေတဲ့ အကြောင်း ရိုက်ကူးထားတာပါ။

ရွှေထူး

ကျွန်တော်က  ဒီဇာတ်ကားမှာ Underground   လောကကနေ  ရုန်းကန်ရတဲ့ဘဝကို အခြေခံပြီး သရုပ်ဆောင် ထားတယ်။ သီချင်းဆိုနေတဲ့ လူငယ်တစ်ယောက်ရဲ့ ပုံစံပါ။ ခုရုံတင်တော့မယ် ဆိုတော့ စိတ်ပူပြီး စိုးရိမ်တယ်။ ခေါင်းဆောင်နေရာ ကဖြစ်လို့ တာဝန်လည်းကြီးသလို အိုက်တင်ပိုင်းတွေမှာ ခက်ခဲတယ်လို့ ခံစားရတယ်။

 ရွှေမှုံရတီ

ဒီဇာတ်ကားမှာ သဲက ဂျစ်ကန်ကန် အသက်၂ဝ ကျော်အရွယ် မြူမိုးဆိုတဲ့ ကောင်မလေးရဲ့ပုံစံ သရုပ်ဆောင်ထားတယ်။  လုပ်ငန်းရှင် သူဌေးတစ်ယောက်ကို ချစ်သူတော် ထားရတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် အနေနဲ့ ပါဝင် သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူ ရွှေထူး အတွက်ကို သဲပိုရင်ခုန်တယ်။                          

ဆုလာဘ်

Read 467 times Last modified on Sunday, 26 May 2019 11:28