SJ WorldNews - шаблон joomla Авто

ဇာတ်လိုက်ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် အောင်ရေချမ်း

Sunday, 26 May 2019 11:28 font size decrease font size decrease font size increase font size increase font size

MRTV-4 ရုပ်သံဇာတ်လမ်းတွဲများဖြင့် လူကြိုက်များလာသော သရုပ်ဆောင် အောင်ရေချမ်းသည်   ဒါရိုက်တာကိုပေါက် ရိုက်ကူးသည့်   ဇာတ်လိုက်ရုပ်ရှင်ဇာတ်ကားတွင်  ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း  သိရသည်။

''ဇာတ်လိုက် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးမှာပါ။ ကိုမြင့်မြတ်၊ မအူဝဲ၊ မခိုင်လေး၊ ထူးအောင်လင်း၊ ကောင်းမြတ်စံနဲ့ ကျွန်တော်ပါတယ်။ ဇာတ်ကားမှာ ကျွန်တော်က ကိုမြင့်မြတ်နဲ့အပြိုင် ဖိုက်မယ်၊ ဒရာမာတွေချိုးမယ်''ဟု အောင်ရေချမ်းက ပြောသည်။

အောင်ရေချမ်းသည် MRTV-4 ဇာတ်လမ်းတွဲဖြစ်သည့် ပျားရည်အိုင်ဇာတ်လမ်းတွဲတွင် ကိုတင်ဖေအဖြစ် လည်းကောင်း၊ ကျွန်မက မဟေသီဇာတ်လမ်းတွဲတွင် မင်းမျိုးနွယ်အဖြစ် လည်းကောင်း  သရုပ်ဆောင် ပိုင်နိုင်ခြင်းကြောင့် အောင်မြင်မှု ရရှိလာသည်။

''နောက်လာမယ့် စီးရီးတွေမှာ   ပိုပြီးကောင်းအောင် ကြိုးစား သရုပ်ဆောင်သွားမှာပါ။ အနုပညာအလုပ်ကို အမြဲကြိုးစားနေပါတယ်''ဟု အောင်ရေချမ်းက ပြောသည်။

ဆုလာဘ်

Read 155 times Last modified on Sunday, 26 May 2019 11:29