SJ WorldNews - шаблон joomla Авто

ကိုယ့်ရဲ့ အနုပညာအစစ်တွေပဲ ပရိသတ်ကို ချပြချင်တယ်ဆိုတဲ့ သရုပ်ဆောင် မေမြတ်နိုး

Wednesday, 12 June 2019 10:01 font size decrease font size decrease font size increase font size increase font size

-လတ်တလော အနုပညာလှုပ်ရှားမှုကို ပြောပြပေးပါဦး။

-မြတ်နိုး MI Radio မှာ Host Sale အဖြစ် ဝင်ပြီးလုပ်နေပါတယ်။ စကားဝိုင်းလေး တစ်ခုပေါ့။  ပြောသင့်ပြောထိုက်တာတွေပဲ ပြောကြတယ်။ တခြားရိုက်ကူးရေး အနေနဲ့ ကြော်ငြာတွေလည်း ရိုက်ဖြစ်ပါတယ်။

-အဲဒီအစီအစဉ်မှာ  ဘယ်လိုအကြောင်း အရာတွေကို တင်ဆက်ခဲ့ကြသလဲ ပြောပြပေးပါဦး။

- Cele တွေရဲ့  ရင်တွင်းစကားတွေ ပြောခွင့်ရတယ်။ အင်တာဗျူးဖြေတာ မဟုတ်ဘဲ ရင်ထဲမှာရှိတာကို  ပျော်ပျော်ပါးပါး ပြောရတာပေါ့။ အချင်းချင်း ဖလှယ်ခွင့်ရလို့ အားရတယ်လို့ ပြောလို့ရပါတယ်။

-ကိုယ်တိုင်က အမေးခံသူမဟုတ်ဘဲ ကိုယ် ကပြန်မေးရတဲ့အတွက် သတင်းသမားတွေရဲ့ Life ကို ဘယ်လိုမြင်လဲ။

-အင်တာဗျူးတွေမှာ မေးသင့်သလောက်ပဲ မေးကြရတယ်။ တကယ့်ရင်ထဲက ခံစားချက်ကို Celebrity တွေကလည်း မပြောချင်ကြဘူး။ တကယ်တမ်း ပြောသင့်ပြောထိုက်တာတွေကို မီဒီယာတွေက တစ်ဆင့် ပရိသတ်တွေကိုချပြရတာ    ပိုအရေးကြီးပါတယ်။ 

ကောလာဟလတွေမဟုတ်ဘဲ တကယ့်အနှစ်သာရတွေကို  ပရိသတ်တွေဆီ ရောက်ဖို့က အချင်းချင်းပြောကြတယ်။ ကိုယ်တိုင်မေးချင်တဲ့ မေးခွန်းမျိုးကို သူတို့မေးလိုက်တဲ့အတွက် သူတို့လည်း ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါ တယ်။

-တချို့  အင်တာဗျူးတွေကို ရှောင်ကြတာရှိတယ်ဆိုတော့ကိုယ်တိုင်ကရော ဘယ်လိုအရာမျိုးကို နှစ်သက်သလဲ။

-ပြောရမယ်ဆိုရင်   ကိုယ်က ဘယ်သူ့မှတော့  မုန်းတာမရှိပါဘူး။  အခုနောက်ပိုင်း  တချို့မီဒီယာတွေက ပေါ်ပင်ဘက်ကို သွားကြတယ်။ တကယ့်အနုပညာရှင်တွေက ပေါ်ပင်ဖြစ်သူတွေနဲ့ နောက်ပိုင်း အယှဉ်မခံကြတော့တာပါ။ မြတ်နိုး ကိုယ်တိုင်ကတော့ လိုအပ်မယ် ဆိုရင်တော့ ဖြေပေးပါတယ်။

-မြတ်နိုးရိုက်ကူးနေတဲ့ ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

-မြတ်နိုးတို့ လောကကြိုးဝိုင်း Season 2 ကို ဆက်လက်ရိုက်ကူးဖို့ စီစဉ်နေပါတယ်။မြတ်နိုးရဲ့  ဗီလိန်ကာရိုက်တာကို  မမြင်ဖူးသေးတဲ့ ပရိသတ်တွေကတော့ ဒီကာရိုက်တာကို ကြိုက်ကြပါတယ်။ မြတ်နိုးကို ပုံမှန်ကာရိုက်တာပဲ မြင်ဖူးနေတော့ ပရိသတ်တွေက ဗီလိန်ဇာတ်တွေ  ရိုက်ကူးစေချင်ကြပါတယ်။

-မြတ်နိုး အနုပညာ အလုပ်စလုပ်ကတည်းက ပေါ်ပင်လုပ်တာ မတွေ့ရဘူး  ဘယ်လိုကြောင့်လဲ။

-အဓိက  မြတ်နိုးရဲ့  Follow   တွေက ပေါ်ပင်တွေကို  မကြည့်ချင်ကြဘူး။  စိတ်မဝင်စား ကြဘူး။ တကယ့် Artist ရဲ့ Follow လုပ်သူတွေကတော့ အနုပညာရှင်အစစ်ကို ကြည့်ချင်ကြမယ်လို့လည်း မြတ်နိုးထင်ပါတယ်။ ဒါကြောင့် မြတ်နိုးက Artist အစစ်ဖြစ်တဲ့ Content ကိုပဲ ပရိသတ်ကို ချပြတာပါ။  ဘယ်သူတွေနဲ့တွဲတယ်။  ဘာစားတယ်၊ သောက်တယ်ဆိုတာ အမှန်တော့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ အနုပညာကို အားပေးတဲ့ ပရိသတ်တွေက သူတို့ ဘာကားတွေရိုက်နေလဲ။ ဒါပဲသိချင်ကြတယ်။ မြတ်နိုးလုပ်နေတဲ့ အနုပညာကလွဲရင် ခံစားချက်တွေလည်း မတင်ဘူး။

တခြားပေါ်ပင်တွေလည်း မြတ်နိုးမတင်ပါဘူး။ ဒါကတော့ မြတ်နိုးရဲ့ ခံယူချက်ပါ။

-မြတ်နိုးရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

-မြတ်နိုးက အချစ်ရေးကို စိတ်မဝင်စားသေးပါဘူး။ မြတ်နိုး အချစ်ရေးကို အသက် ၃ဝ မှစမယ်လို့  စိတ်ကူးထားပါတယ်။

-ပရိသတ်ကို စကားလက်ဆောင် ပြောပေးပါဦး။

-မြတ်နိုးရဲ့ခံယူချက်တွေကို ပရိသတ်တွေ နားလည်မယ်လို့  ထင်ပါတယ်။  မြတ်နိုးကလည်း  တကယ်အရည်အသွေးကောင်းတဲ့ ဇာတ်ရုပ်တွေကိုပဲ ချပြချင်ပါတယ်။ ဒီအတွက် မြတ်နိုးက ပေါ်ပြူလာဖြစ်ချင်မှ ဖြစ်မယ်။ အနုပညာကို ချစ်တယ်၊မြတ်နိုး တန်ဖိုးထားတာဖြစ်လို့ ကိုယ့်အနုပညာ အစစ်တွေပဲ ပရိသတ်တွေကို ချပြချင်ပါတယ်။

Read 67 times Last modified on Wednesday, 12 June 2019 10:03