SJ WorldNews - шаблон joomla Авто

ကမ္ဘာ့အိမ်ထောင်ရှင် အလှမယ် ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အလှမယ် ကေခိုင်နှင်း ဝင်ရောက်ယှဉ်ပြိုင်မည်

Tuesday, 08 August 2017 10:19 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၇

တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့၌ သြဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ကျင်းပမည့် ကမ္ဘာ့အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲ (Mrs Myanmar Universe 2017) သို့ အလှမယ် ကေခိုင်နှင်းက မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၈၄ နိုင်ငံမှ အသက် ၂၅ နှစ်မှ ၄၅ နှစ်ကြားရှိသည့် အိမ်ထောင်ရှင် အလှမယ်များ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

''နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရမှာဖြစ်လို့ နှင်းဘက်က အစစအရာရာ ကြိုးစားပြင်ဆင် ထားပါတယ်။ Talent Show အတွက်လည်း ယဉ်ကျေးမှု တက္ကသိုလ်က ဆရာမနဲ့ အကပညာကို သင်ယူထားပါတယ်။ ပြိုင်ပွဲမှာ ဆီမီးခွက်အကနဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင် ထားပါတယ်။ တခြားလိုအပ်မယ့် အထွေထွေ ဗဟုသုတ ပိုင်းတွေကိုလည်း နှင်း သေချာလေ့လာ ထားပါတယ်။ အတတ်နိုင်ဆုံး ကြိုးစား ပြင်ဆင်ထားတဲ့ အတွက် ရလဒ်ကောင်း တစ်ခု ရရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်'' ဟု အိမ်ထောင်ရှင်အလှမယ် ကေခိုင်နှင်းက ပြောသည်။ အိမ်ထောင်ရှင် အလှမယ် ကေခိုင်နှင်းအား မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် Style Plus H Organization က ရွေးချယ်ခြင်းဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံမှ ဒုတိယအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်မည့် အိမ်ထောင်ရှင် အလှမယ် တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

Read 515 times Last modified on Tuesday, 08 August 2017 10:20