SJ WorldNews - шаблон joomla Авто

ဆွဲဆောင်မှု အရှိဆုံး Kpop အမျိုးသားနှင့် အမျိုးသမီး အနုပညာရှင်များ အဖြစ် ကန်ဒန်းနရယ်နှင့် ဒါဟွမ်းတို့ ရွေးချယ်ခံရ

Tuesday, 10 October 2017 10:11 font size decrease font size decrease font size increase font size increase font size

ဆိုးလ်  အောက်တိုဘာ 

တောင်ကိုရီးယားနိုင်ငံ   တစ်ဝန်းလုံးမှ အင်တာနက်အသုံးပြုသူ ပရိသတ်များက ဆွဲ ဆောင်မှုအရှိဆုံး Kpop အမျိုးသားနှင့် အမျိုးသမီး The King and Queen of Nerds ဟု တင်စားခံရသည့် အနုပညာရှင်များအဖြစ် Wanna One အဖွဲ့မှ ကန်ဒန်းနရယ်နှင့် အမျိုးသမီး Kpop  အဖွဲ့ UTwice မှ   အဖွဲ့ဝင်တစ်ဦးဖြစ်သူ  ဒါဟွမ်းတို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါရွေးချယ်မှုကို  အင်တာနက်ဝက်ဘ်ဆိုက်ကြီး တစ်ခုဖြစ်သည့်  DC Inside နှင့်  အချက်အလက် အကဲဖြတ်ရေး ကုမ္ပဏီ My Celebs တို့  ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းမဲပေးရွေးချယ်မှုတွင်   ဆွဲဆောင်မှု အရှိဆုံး Kpop အမျိုးသား အနုပညာရှင်အဖြစ် ကန်ကထောက်ခံမဲ အရေအတွက်  ၉ဝ၈၃  သို့မဟုတ် ထောက်ခံမဲစုစုပေါင်း၏ ၉ဝ ဒသမ ၇ ရာခိုင်နှုန်းရရှိခဲ့သည်။၎င်း၏နောက်တွင် Nu'est အဖွဲ့မှ ကင်ဂျုံဟွမ်နှင့် Big Bang  မှ G- Dragon တို့က နံပါတ် (၂) နှင့်  နံပါတ် (၃)၌ အသီးသီး ရပ်တည်နေသည်။

အလားတူ ဆွဲဆောင်မှုအရှိဆုံး Kpop အမျိုးသမီးအနုပညာရှင်အဖြစ် ဒါဟွမ်းက ထောက်ခံမဲ ၇၂ဝ သို့မဟုတ် မဲစုစုပေါင်း၏ ၂၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ရွေးချယ်ခံရခြင်းဖြစ်သည်။ ၎င်း၏နောက်တွင် Girls' Day အဖွဲ့မှ  ယူရာနှင့် Girls' Generation မှ တေယွမ်းတို့က ရပ်တည်လျက် ရှိကြောင်း သိရသည်။

Read 9 times Last modified on Tuesday, 10 October 2017 10:12