တေးလာဆွစ်ဖ်သည် ၎င်း၏နောက်ဆုံး အကြိမ် တိုက်ရိုက်ဖျော်ဖြေမှုကို ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်က Houston’s Club Nomadic ၌ အထူးဖျော်ဖြေပွဲအတွက် DIRECTV နှင့် ပူးပေါင်းထုတ်လွှင့်ပြီး နောက်ပိုင်းတွင် ၎င်း၏ခြောက်ခုမြောက် အယ်လ်ဘမ်ဖြစ်သည့် Reputation ကို ထုတ်ဝေဖြန့်ချိမည်ဟု ကြေညာထားသည်။
ယခုအခါ တေးလာဆွစ်ဖ်သည် ဒီဇင်ဘာလတွင် ကျင်းပမည့် ဖျော်ဖြေပွဲနှစ်ခု၌ ပါဝင် သီဆိုဖျော်ဖြေမည်ဖြစ်သည်။ တေးလာဆွစ်ဖ်သည် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟို ဆေးမြို့၌ ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပမည့် Poptopia အစီအစဉ်၌ အက်ရှင်း၊ The Chainsmokers ၊ DuaLipa နှင့် Niall Horan တို့နှင့်အတူ သီဆိုဖျော်ဖြေမည် ဖြစ်သည်။
အလားတူ ဒီဇင်ဘာ ၇ ရက်တွင် ချီကာဂိုမြို့၌ ကျင်းပမည့် Jingle Bash ပွဲတော်တွင်လည်း Backstreet Boys ၊ Fifth Harmony ၊ Khalid ၊ Logic and Sabrina Carpenter တို့နှင့်အတူ ဖျော်ဖြေ တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။