SJ WorldNews - шаблон joomla Авто

မြန်မာ့ရုပ်ရှင် ဇာတ်ကားများ ပြသရန် စောင့်ဆိုင်းနေရခြင်းမှာ ရုပ်ရှင်ရုံ မလုံလောက်ခြင်း ကြောင့်ဟု ဒါရိုက်တာ နေပိုင် ပြောကြား

Wednesday, 11 October 2017 11:48 font size decrease font size decrease font size increase font size increase font size

မြန်မာ့ရုပ်ရှင် ဇာတ်ကားများစွာ ရုံတင်ပြသရန် စောင့်ဆိုင်းနေရခြင်းသည် ပြည်တွင်း၌     ရုပ်ရှင်ရုံ မလုံလောက်ခြင်း ကြောင့်ဟု ဒါရိုက်တာ နေပိုင်ကပြောသည်။

''ရုပ်ရှင်ရုံ မလုံလောက်မှုတွေကြောင့် ဇာတ်ကားတွေ ပြသဖို့ စောင့်နေရတာကို ကျွန်တော်  ကိုယ်ချင်းစာပြီး ပြောတာပါ။ ကျွန်တော်ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကား လေးကားတောင် ဘယ်နေရာမှာ တန်းစီရမှန်း မသိဖြစ်နေတာ။ ကိုယ်သာ ထုတ်လုပ်သူဆိုရင် ဒီလောက် သိန်းထောင်ချီ ရင်းထားတဲ့ ပိုက်ဆံကို ဘယ်လိုလုပ် နှစ်နှစ်၊ သုံးနှစ် တောင့်ခံနိုင်မလဲ။   ကိုယ်သိန်းထောင်ချီ ကုန်ကျခံရိုက်ထားပြီး ဆင်ဆာကလည်း နှစ်လ၊ သုံးလအတွင်း ကျလာတယ်ဆိုရင် သူတို့လည်း ရုံတင်ပြသပြီး ငွေပေါ်ချင်ကြမှာပါ'' ဟု ဒါရိုက်တာ နေပိုင်က ပြောသည်။ လက်ရှိတွင် ရုပ်ရှင်ရုံ မလုံလောက်သည့် ကိစ္စမှာ အဓိက အရင်းအမြစ် ဖြစ်နေပြီး လက်ရှိ ရုပ်ရှင်ရုံများ၌ ပြသရန်အဆင်သင့် ဖြစ်နေသည့် ရုပ်ရှင်ဇာတ်ကား နှစ်ရာကျော်ခန့် ရှိနေရာ တန်းစီစနစ်ဖြင့် စောင့်ဆိုင်းနေရကြောင်း ဒါရိုက်တာ နေပိုင်ကပြောသည်။ ရုပ်ရှင်နှင့် ဗီဒီယိုများ ရိုက်ကူးနေသော ဒါရိုက်တာနေပိုင်က မြင့်မြတ်ပါဝင် သရုပ်ဆောင်ထားသည့် သရဲမခေါစာ၊ ကျောမှာဂဠုန် ရင်မှာနဂါး၊ အောင်ရဲလင်း ပါဝင်သရုပ်ဆောင် ထားသည့် နှင်းဆီရဲတိုက်၊ ပိုက်ဆံ စသည့် ဇာတ်ကားများကို ရိုက်ကူးထားပြီး ရုံတင်ရန်သာ စောင့်ဆိုင်း နေရကြောင်း သိရသည်။ ထို့ပြင် ဇာတ်ကား အရည်အသွေးများ တိုးတက်စေရေးအတွက် ရုပ်ရှင်နှင့် ဗီဒီယိုများ ရိုက်ကူးမှု မစတင်မီ ကြိုတင်ပြင်ဆင်မှုများဖြင့် ဇာတ်ကောင်တစ်ဦးချင်း စီသာမက ပါဝင် သရုပ်ဆောင်ကြမည့် သူများကိုပါ ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ၌ ထုတ်လုပ်သူများ၏ ဆန္ဒအရ ဗီဒီယို ရိုက်ကူးမှုများကို ရိုက်ရက် ၁ဝ ရက်သတ်မှတ် ထားရာမှ ယခုအခါ တဖြည်းဖြည်း လျော့ကျလာပြီး   ဇာတ်ကား အရည်အသွေးလည်း ကျဆင်းလာကြောင်း သိရသည်။

Read 6 times Last modified on Wednesday, 11 October 2017 11:49