SJ WorldNews - шаблон joomla Авто

ဘောလီးဝုဒ်ကိုမီရန် လိုအပ်ချက်များ ရှိနေသေးကြောင်း ပြောလာသည့် လိုင်လာခမ်း

Thursday, 03 August 2017 15:19 font size decrease font size decrease font size increase font size increase font size

မြန်မာ့ရုပ်ရှင်များ ရိုက်ကူးရာတွင် ဘောလီးဝုဒ်ကိုမီရန် လိုအပ်ချက် များစွာရှိနေသေးကြောင်းနှင့် အဓိကအားဖြင့် ငွေကြေး ပိုမိုသုံးစွဲရန် လိုအပ်ကြောင်း လိုင်လာခမ်းက ပြောသည်။

''ဘောလီးဝုဒ်ကိုမီဖို့ အများကြီး ကွာဟနေပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းမှာတော့ မဟုတ်ပါဘူး။ နည်းပညာ လို အပ်ချက်တွေ ရှိသလို ငွေကြေးကလည်း အဓိက လိုအပ်ချက်ပါ။ စက်ပစ္စည်းပိုင်း လိုအပ်ချက် ရှိသလို အဆင့်မြင့် နည်းပညာတွေကိုလည်း ပြည်ပမှာ သွားရောက် လေ့လာ သင့်ပါတယ်''ဟု လိုင်လာခမ်းက ပြောသည်။

လက်ရှိတွင် လိုင်လာခမ်းသည် စမတ်ကျကျ နေထိုင်ပြောဆိုမှု သင်တန်း၊ မိတ်ကပ်သင်တန်း၊  သရုပ်ဆောင် သင်တန်း အပါအဝင် သင်တန်းပေါင်းများစွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဘောလီးဝုဒ် အကသင်တန်း ကိုလည်း သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။ ဘောလီးဝုဒ်မှ တတ်ကျွမ်းလာသည့် အနုပညာနှင့် မြန်မာနိုင်ငံ၌  ပြန်လည် အသုံးချခွင့်ရ၍ ဝမ်းသာကြောင်းကို ''ဘောလီးဝုဒ်မှာ ရိုက်တာနဲ့ ကွာဟချက်တွေ ရှိပါ တယ်။ အခုနောက်ပိုင်း ပရိသတ်တွေ  အများကြီး နားလည်လာကြတာကြောင့် အရမ်းဝမ်းသာတယ်''ဟု လိုင်လာခမ်းက ပြောသည်။

လိုင်လာခမ်းသည် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ရိုက်ကူးသည့် တိုက်ဆိုင်မှုရှိလျှင်နှင့် ရာဇဝင်ရိုင်းသူများ ရုပ် ရှင်ဇာတ်ကားတွင် မူမတူ၊ ကွဲပြားခြားနားစွာ သရုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Read 522 times Last modified on Friday, 04 August 2017 13:21