SJ WorldNews - шаблон joomla Авто

Back to Millennium - the Last Chapter ဂီတ ဖျော်ဖြေပွဲ ရန်ကုန်မြို့ ၌ ကျင်းပမည်

Friday, 03 November 2017 10:56 font size decrease font size decrease font size increase font size increase font size

ရန်ကုန် နိုဝင်ဘာ ၂

ယခင်ကာလများက လူငယ်များကြား အောင်မြင်ခဲ့သည့် အဆိုတော်အဖွဲ့များ ပါဝင်ဖျော်ဖြေမည့် Back to Millennium - the Last Chapter ရှိုးပွဲကို ရန်ကုန်မြို့ Event Park ၌ နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ရှိ LOTTE ဟိုတယ်၌ ကျင်းပသည့် သတင်း စာရှင်းလင်းပွဲမှ သိရသည်။ အဆိုပါ ရှိုးပွဲတွင် Acid ၊ Theory၊ Examplez ၊  Too Big ၊ Teens ၊ System ၊ မြေပဲယို၊ Orka ၊ No ၊ Bambino နှင့် Kook စသည့် ဂီတအဖွဲ့ ၁၁ ဖွဲ့မှ ပါဝင် ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

'' B2M Family Line Up ရဲ့ တစ်ဝက် ကျော်ကျော်က အနုပညာ နယ်ထဲမှာမရှိ တော့တာကြောင့် B2M ပွဲအတွက် ရောက်ရှိရာ နယ်ပယ်အသီးသီးက ပြန်လည် စုစည်းပြီး ခက်ခက်ခဲခဲ စီစဉ်ခဲ့ရပါတယ်။ ၂ဝဝဝ ပြည့်နှစ်လောက်က B2M ရဲ့ ပရိသတ် အသီးသီးနဲ့ တွေ့ဆုံဖို့၊ B2M အဖွဲ့အားလုံး တက်ရောက် ဖျော်ဖြေနိုင်ဖို့ မလွယ်ကူပါဘူး'' ဟု တေးသံရှင် အနဂ္ဂက ပြောသည်။ အဆိုပါပွဲ၏ လက်မှတ်ခ နှုန်းထားများ ကို ငွေကျပ် ၇ဝဝဝဝ၊ ၅ဝဝဝဝ၊ ၃ဝဝဝဝ၊ ၂၅ဝဝဝ နှင့် ၁ဝဝဝဝ အထိ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

ကျော်ကို

Read 16 times Last modified on Friday, 03 November 2017 10:58