SJ WorldNews - шаблон joomla Авто

စွဲလမ်းမှု လွန်ကဲပါက ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ကို တင်ပြမည့် မုန်းစွဲ ရုပ်ရှင် ဇာတ်ကား

Friday, 03 November 2017 11:01 font size decrease font size decrease font size increase font size increase font size

ရန်ကုန် နိုဝင်ဘာ ၂

ဆရာတော်အရှင်ဆန္ဒာဓိက၏ အသေလှတဲ့သူ အမည်ရသည့် တရားအကြောင်း ကို ပြန်လည် ရိုက်ကူးမည့် မုန်းစွဲ ရုပ်ရှင် ဇာတ်ကားသည် လူတစ်ဦးနှင့် တစ်ဦး ချစ်ခြင်း၊ မုန်းခြင်း၊ စွဲလမ်းခြင်း လွန်ကဲပါက ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်းကို ပုံဖော်ရိုက်ကူး ထားသည့် ဇာတ်ကားဖြစ်ကြောင်း ဒါရိုက်တာ သြရသကပြောသည်။ ''ပထမပိုင်းမှာ အရမ်း ဆိုးသွမ်းပြီး ခက်ထန်တဲ့ သူတစ်ယောက် အဖြစ် ပါဝင် ရမယ်။ နောက်ဘဝ တစ်ခုမှာ သူတို့သားသမီး လူဝင်စား အနေနဲ့ ရိုက်ကူးထားတယ်။ တကယ့်အဖြစ်ပျက် တစ်ခုလည်းဖြစ်သလို ရုပ်ရှင် ဆန်နေတဲ့ ဖြစ်ရပ်မှန်လည်းဖြစ်လို့ ရိုက်ကူးဖြစ်တာပါ'' ဟု သရုပ်ဆောင် အကယ်ဒမီနေတိုးက ပြောသည်။

အဆိုပါ ဇာတ်ကားတွင် သရုပ်ဆောင် ဖွေးဖွေးက နေတိုး၏ မိခင်နေရာက ပါဝင် သရုပ်ဆောင်မည်ဖြစ်ပြီး အေးဝတ်ရည်သောင်းက နေတိုး၏ ယခင်ဘဝမှ ဇနီး ဇာတ်ကောင် နေရာတွင် ပါဝင်မည်ဖြစ်သည့် အပြင် ယခင်ဘဝက အစွဲအလမ်းကြောင့် လက်ရှိဘဝတွင် သင်္ကန်းဝတ်ထားသည့် နေတိုးကို ပြန်လည် စွဲလမ်းရသည့် ဇာတ်ကောင် နေရာမှ ပါဝင် သရုပ်ဆောင်မည် ဖြစ်သည်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကို 7th Sense ရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်၍ ဒါရိုက်တာ သြရသ ရိုက်ကူးမည် ဖြစ်ပြီး သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ ဖွေးဖွေးနှင့် အေးဝတ်ရည်သောင်းတို့ အဓိက ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

အမ်အမ်ကေ

Read 18 times Last modified on Friday, 03 November 2017 11:03