''ဒီကားမှာ ကိုလူမင်းနဲ့ အန်တီမို့က လင်မယား။ မိသားစုက ဆင်းရဲတယ်။ မွေးလာတဲ့သားက နိမိတ်မကောင်းဘူး။ ခိုက်တယ်ဆိုတဲ့ အယူအဆတွေကြောင့် ဒီကလေးက ဒုက္ခအမျိုးမျိုးနဲ့နေရင်း မိသားစုအတွက် ပေးဆပ်ရသူအဖြစ် ရိုက်ကူးထားပါတယ်''ဟု ဒါရိုက်တာ နေပိုင်က ပြောသည်။
အဆိုပါ ဇာတ်ကားတွင် အများက ဖျက်ချပစ်ရန် ပြောဆိုမှုများကြားမှ ကလေးငယ်ကို မိခင်တစ်ယောက်၏ မေတ္တာဖြင့် မွေးဖွားခဲ့သူ၊ ကလေး အရွယ်ရောက်ချိန်အထိ ရုန်းကန်ကြိုးစားရသူအဖြစ် အကယ်ဒမီများရှင် မို့မို့မြင့်အောင်က ပါဝင် သရုပ်ဆောင်ထားသည်။''ဒီကားမှာ မမို့က ကေ လးတွေရဲ့အမေအဖြစ် သရုပ်ဆောင်ရမယ်။ ကလေးနှစ်ယောက်က ကျောင်းကပြန်လာပြီး ရေကန်ထဲမှာဆော့ရင်း ရေနစ်သေတယ်။ အဲဒီအချိန် ကိုယ့်မှာလည်း ဗိုက်ထဲမှာ ကလေးတစ် ယောက်ရှိတယ်။ တစ်ပြိုင်နက်တည်း ကိုလူမင်းက သူအလုပ်လုပ်တဲ့ ဆန်စက်မှာ ဆန်အိတ်တွေပိပြီး ခြေထောက် တစ်ဖက် မသန်တော့ဘူး။ ဒီတော့ ဗိုက်ထဲကကလေးက ခိုက်တယ်၊ မမွေးကြဖို့ အရပ်က ပြောတယ်။ အယူအဆအ မှားတွေကို ဒီဇာတ်ကားမှာ ထောက်ပြထားတာပါ''ဟု အကယ်ဒမီ မို့မို့မြင့်အောင်က ပြောသည်။