SJ WorldNews - шаблон joomla Авто

လစ်ဟာခဲ့သော အနုပညာ ဖန်တီးမှုများ အတွက် ပြန်လည် ပေးဆပ်နေသည့် ရဲလေး

Wednesday, 08 November 2017 10:28 font size decrease font size decrease font size increase font size increase font size

အနုပညာလောကနှင့် ဝေးကွာသွားချိန်က လစ်ဟာခဲ့သော အနုပညာ ဖန်တီးမှုများအတွက် ယခုအချိန်တွင် ပြန်လည်ပေးဆပ်နေသည့် အချိန်ဖြစ်ကြောင်း သရုပ်ဆောင် အဆိုတော် ရဲလေးကပြောသည်။

ထို့ပြင် မိသားစုများ၊ သူငယ်ချင်းများနှင့်     ပရိသတ်များ အတွက်သာ  အနုပညာ ဖန်တီးမှုများကို ပေးဆပ်နေသည့် ၎င်းတွင် ချစ်သူမရှိကြောင်း  ရဲလေးက ပြောသည်။ ဘဝတွင်  ပြောင်းလဲမှုများနှင့်  ရင်ဆိုင်တွေ့ကြုံခဲ့ရသည့် သရုပ်ဆောင် အဆိုတော်ရဲလေးအနေဖြင့် အသစ်တစ်ဖန် မွေးဖွားလာမည့် အချစ်မျိုး ခေါင်းထဲ၌ရော  ရင်ထဲ၌ပါ  လုံးဝရှိလာမည် မဟုတ်ကြောင်း   ပြတ်သားစွာငြင်းဆိုလိုက်သည်။

''လောလောဆယ် ဘာမှမရှိသေးပါဘူး။ တစ်ယောက်တည်းပါပဲ။ အလုပ်ကလွဲရင် အချစ်အကြောင်း ခေါင်းထဲမထည့်ဘူး။ လုံးဝကိုမရှိဘူး။ ကျွန်တော်ချစ်တာက ကျွန်တော့် သူငယ်ချင်း၊ကျွန်တော့်ပရိသတ်တွေနဲ့ မိသားစုပဲ ရှိပါတယ်။   ရည်းစားကိုချစ်တဲ့ အချစ်မျိုး  ခေါင်းထဲမှာရော  ရင်ထဲမှာပါ  လုံးဝမရှိပါဘူး။ အဲဒါကိုတော့ ပြတ်ပြတ်သားသား ငြင်းထားပါတယ်'' ဟု ရဲလေးက ပြောသည်။

 ရဲလေး၏  My world, My fan, My Show ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂ ရက်တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပမည်ဖြစ်ပြီး သူငယ်ချင်း အနုပညာရှင်များကို   ဖိတ်ခေါ်သီဆိုမည့်အပြင်  အဆိုပါ ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေရသဖြင့် နိုဝင်ဘာတစ်လလုံး ဇာတ်ကားရိုက်ကူးမှု  ရပ်နားထားကြောင်း သိရသည်။                   

Read 9 times Last modified on Wednesday, 08 November 2017 10:29