SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

ရေတာရှည် စက်တင်ဘာ ၁၄

လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းလျက်ရှိရာ ကျေးလက်နေ တောင်သူများအနေဖြင့် လယ်ယာသုံး စက်ကိရိယာများကို ယခင်ကထက် သုံးစွဲမှုမြင့်တက်လျက်ရှိရာ တောင်သူအထောက်အကူပြု စက်ကိရိယာများ စနစ်တကျ မောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ရေတာရှည်မြို့နယ်   စိုင်တမော့ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

မြန်အောင် စက်တင်ဘာ ၁၄

လိုင်စင်မဲ့ဆေးဝါးများနှင့် ဆေးဝါးတုများ ရောင်းချခြင်း    မရှိစေရန် ဧရာဝတီတိုင်း ဒေသကြီး  မြန်အောင်မြို့နယ် အတွင်းရှိ ဆေးဆိုင်များကို ယမန်နေ့က  စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။

ကလေး စက်တင်ဘာ ၁၄

ဟိုတယ်နှင့်လခရီးသွားလာရေး ဝန်ကြီးဌာနမှ ကြီးကြပ်၍ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (စစ်ကိုင်းဇုန်)၏ စီစဉ်မှုဖြင့် ဒုတိယအကြိမ် ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်းဆင်းပွဲ  အခမ်းအနားကိုယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဗိုလ်ချုပ်လမ်းရှိ မင်းကြီးဟိုတယ် စတုတ္ထလွှာ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

နတ်မောက် စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် မိုးစပါးခင်းတွင် ကျရောက်သော ဆစ်ပိုးနှင့်ငမြှောင်တောင်ပိုးများအား နှိမ်နင်းရန် ဥကပ်ပါးနကျယ်ကောင် လွှတ်ခြင်းကို ယနေ့ နံနက် ၁ဝ နာရီတွင် ဘုန်းတော်ပြည့် ကျေးရွာ  စပါးစိုက်ခင်း ၁ဝ ဧက၌ ဆောင်ရွက်ကြောင်း သိရသည်။

 ယင်းမာပင် စက်တင်ဘာ ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စစ်ကိုင်းတိုင်း ဒေသကြီး  ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်    ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ကျင်းပသော (၁၆)ကြိမ်မြောက်  တပ်ဖွဲ့တွင်း  အဆို၊ အက၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁ဝ ရက် နံနက် ၉ နာရီက နေပြည်တော် စစ်ကြောရေးနှင့်    တည်းခိုရေးစခန်း  (ရွာတော်) ရှိ  ဆင်ဖြူရှင်ခန်းမ၌  ကျင်းပသည်။

ရန်ကုန် စက်တင်ဘာ  ၁၄

အမျိုးသားမျက်စိဘဏ် (ရန်ကုန်)သို့ မျက်ကြည်လွှာ လှူဒါန်းသူများ ရှိသော်လည်း အမှန်တကယ်   မျက်ကြည်လွှာ ရရှိမှုမှာ   အရေအတွက်  နည်းပါးနေသေးကြောင်း  မျက်စိဘဏ်မှ သိရသည်။

ရန်ကုန်  စက်တင်ဘာ   ၁၄

ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းတို့   ပူးပေါင်းကျင်းပသည့် မြန်မာတစ်နိုင်ငံလုံးမှ   ထူးချွန်ဆရာဆု ရွေးချယ်ခြင်းကို ၂ဝ၁၈-၂ဝ၁၉ ပညာသင် နှစ်မှသာ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထူးချွန် ဆရာဆုရွေးချယ်ရေး ဦးစီးကော်မတီ အတွင်းရေးမှူး ဦးအေးကြိုင်ထံမှ သိရသည်။

လားရှိုး စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်ရှိ မန်ဆူဟိုတယ် အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျား၊ မ အခြေပြု အကြမ်းဖက်မှုနှင့် ပတ်သက်၍  ကဏ္ဍပေါင်းစုံ ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

သထုံ  စက်တင်ဘာ  ၁၄

မွန်ပြည်နယ်အတွင်းရှိ လူငယ်စီးပွားရေး လုပ်ငန်းရှင်များ  စုပေါင်းလုပ်ကိုင်နိုင်ရေး အောက်တိုဘာလမှ စတင်၍ မွန်ပြည်နယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

Page 1656 of 1741