SJ WorldNews - шаблон joomla Авто

ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး စီးဝင်

Wednesday, 07 February 2018 10:22 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ 

၂ဝ၁၈-၂ဝ၁၉  ဘဏ္ဍာနှစ်  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၌  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး စီးဝင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်     ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး   ဦးကျော်ဝင်းထွန်းထံမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ   ထုတ်ပြန်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့်  ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ  ပမာဏ ၃ ဒသမ ၇ ဘီလီယံ ဝင်ရောက်ခဲ့ကာ   ယခုကဲ့သို့  ဝင်ရောက်မှုတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး စီးဝင်နေခြင်းဖြစ်ပြီး တန်ဖိုးပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရှိနေကြောင်း သိရသည်။

ဆက်လက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ သုည ဒသမ ၈ ဘီလီယံရှိပြီး စက်မှုကဏ္ဍတွင် သုည ဒသမ ၃ ဘီလီယံ၊ ဟိုတယ်နှင့်ခရီး သွားလာရေးကဏ္ဍတွင် သုည ဒသမ ၁၈ ဘီလီယံ၊ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် သုည ဒသမ ၁၆ ဘီလီယံ၊ မွေးမြူ ရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် သုည ဒသမ ၁၂ ဘီလီယံ၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် သုည ဒသမ ၁၁ ဘီလီယံ အသီးသီး စီးဝင်လျက် ရှိကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ခွင့်ပြုခဲ့သည့် သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံရှိခဲ့ပြီး အမှန်တကယ် ဝင်ရောက်၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဆောင်ရွက်နေသည့် ပမာဏမှာ ၃ ဒသမ     ဘီလီယံရှိနေခြင်း ဖြစ်ကြောင်း  သိရသည်။                       

Read 95 times Last modified on Wednesday, 07 February 2018 10:23