SJ WorldNews - шаблон joomla Авто

သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေး

Saturday, 10 February 2018 11:03 font size decrease font size decrease font size increase font size increase font size

သံတောင်ကြီး ဖေဖော်ဝါရီ 

သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက Tourism Information Centre၌ ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် Tourism Market Manager ဒေါ်ရတနာသန့်က သံတောင်ကြီးဒေသ  ခရီးသွားလုပ်ငန်း   ဖွံ့ဖြိုး တိုးတက်စေရေး သံတောင်ကြီးဒေသသို့ လာရောက်လည်ပတ် သောခရီးသွားများ ရက်ရှည်ပိုမို နေထိုင်နိုင်ရန် ဆွဲဆောင်မှုရှိသော နေရာများကို ဖော်ထုတ် နိုင်ရေးအတွက် ဒေသထွက် ပစ္စည်းများထုတ် လုပ်နိုင်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက် လာကြသူများက အဖွဲ့လိုက် ဆွေးနွေးရာတွင် သံတောင် ကြီး ဒေသသည် ရာသီဥတု အေးမြပြီး  တောတောင်သဘာဝ ရှုခင်းလှပမှုကြောင့်  ပြည်တွင်း ခရီးသွားများ  ယခုနှစ်တွင် အများဆုံး လာရောက်ခဲ့ကြောင်း၊

ယင်းဒေသတွင် ဒင်ပလာရေတံခွန်၊ မော်နွဲ့ကြီး ရေတံခွန်၊ လိပ်ပြာကြီးရေတံခွန်၊ တောပြာကြီး ရေပူစမ်း၊    မောင်နွဲ့ကြီး ရေပူစမ်းတို့ရှိရာ  မောင်နွဲ့ကြီး ရေပူစမ်းသည် ရေထွက်များပြီး ရေအေးစီးကြောင်း၊ ယင်းရေပူ စမ်း ပတ်ဝန်းကျင်တွင်   ပျားအုံ(၄ဝ-၅ဝ)စွဲထားသောသစ်ပင်များနှင့်   ရေတံခွန်များရှိသဖြင့်  ခရီးသွားများ စိတ်ဝင်စားနိုင်သည့် နေရာတစ်ခု ဖြစ်သောကြောင့်   အဆိုပါနေရာများကို ဖော်ထုတ်လုပ်ဆောင်နိုင်မည် ဆိုပါက ခရီးသွား လုပ်ငန်းများတိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲသို့    သံတောင်ကြီး Tourism Development Working Group အဖွဲ့ဝင်များ သာမက အခြားစိတ်ဝင်စားသူများ တက်ရောက်ဆွေးနွေး ကြကြောင်း သိရသည်။

နေသူရိန်

Read 89 times Last modified on Saturday, 10 February 2018 11:04